Friday, September 1, 2017

ဘရာဇီးနိုင်ငံ ဆော်ပိုလိုပြည်နယ်၌ မြင်ကွင်းမရှင်းလင်းမှုကြောင့် ကား ၃၆ စီးဆင့်ကဲတိုက်




ဘရာဇီးလီးယား သြဂုတ် ၃၁ 



ဘရာဇီးနိုင်ငံ ဆော်ပိုလိုပြည်နယ်ရှိ ကာဗယ်လိုပင်တို အဝေးပြေးလမ်းမ တစ်လျှောက်တွင် ယမန်နေ့က ကား ၃၆ စီး ဆင့်ကဲတိုက်မိမှုဖြစ်ပွားခဲ့ရာ လူ နှစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ၂ဝ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သတင်း များတွင် သြဂုတ် ၃၁ရက်က ဖော်ပြခဲ့ သည်။
မီးလောင်မှုတစ်ခုမှ ထွက်ပေါ်လာ သော မီးခိုးများကြောင့် မြင်ကွင်းမရှင်း မလင်းဖြစ်ကာ ဒေသစံတော်ချိန် နံနက် ၇ နာရီ မိနစ်၎ဝ ခန့်တွင် ထိုကဲ့သို့ ကား ၃၆ စီး ဆင့်ကဲတိုက်မိခြင်း ဖြစ်ပွားခဲ့ ကြောင်း အဝေးပြေးလမ်း ရဲတပ်ဖွဲ့ က ပြောခဲ့သည်။
မီးခိုးများအုံ့မှိုင်းနေသည့် အချိန် တွင် အိမ်သုတ်ဆေးများ တင်ဆောင် လာသော ကုန်တင်ကားတစ်စီး ဝင် ရောက်လာသောကြောင့် ကားများအား တိုက်မိပြီး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ် ကြောင်း အဝေးပြေးလမ်းရဲတပ်ဖွဲ့က ပြော ခဲ့သည်။
အဆိုပါ အဝေးပြေးလမ်းမ၏ အမြင့် ပိုင်းတစ်လျှောက်တွင် မီးလောင်ကျွမ်း မှုများ ဖြစ်ပွားနေသောကြောင့် မီးခိုးများ ထူထပ်စွာ အုံ့ဆိုင်းမှုဖြစ်ပွားခဲ့သဖြင့် ထိုသို့ယာဉ်များ တိုက်မိခဲ့ခြင်းဖြစ်ပြီး ယာဉ် ၃၆ စီး ဆင့်ကဲတိုက်မိမှုကြောင့် ဖြစ်ပေါ်ခဲ့သော အပျက်အစီးများကို ဂလိုပိုအင်တာနက် စာမျက်နှာတွင် ဖော်ပြထားကြောင်း သိရသည်။
မီးလောင်မှုများကို မီးသတ်သမား များ၏ ကြိုးစားငြှိမ်းသတ်မှုများကြောင့် တစ်နာရီခွဲအကြာတွင် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါနေရာတွင် ကယ်ဆယ်မှုများ ဆောင်ရွက်ရန်ကယ်ဆယ် ရေးအဖွဲ့များက ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
(ဆင်ဟွာ)

No comments:

Post a Comment