Friday, September 1, 2017

ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် အမျိုးသမီးတို့ စွမ်းပကား




မြန်မာ့အလင်းအယ်ဒီတာအာဘော်





အမျိုးသမီးအခွင့်အရေးဟူသည် က္ဘာပေါ်၌ အရေးတယူဆွေးနွေးပြောဆို ကိုယ်တွယ်ဖြေရှင်းနေရသော ကိစ္စတစ်ရပ်ဖြစ်ပါသည်။ ဤကိစ္စရပ်သည် ယခုကဲ့သို့ ဦးစားပေးမှုမျိုး အမှန်တကယ်ရထိုက်ပါ၏လောဟု သံသယ ဝင်သူတို့ရှိနေသည်မှာလည်း ငြင်းဆို၍မရသော ပကတိအခြေအနေ ဖြစ်ပါ သည်။
ဟီလာရီကလင်တန်က ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းအဖြစ် အရွေးချယ်ခံရန် အိုဘားမားနှင့် ယှဉ်ပြိုင်ခဲ့ရာ၌ ရှုံးနိမ့်ခဲ့ရခြင်း၏ အဓိက အကြောင်းရင်းများ၌ အမျိုးသမီးတစ်ဦးဖြစ်နေခြင်းလည်း ပါဝင်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြပါသည်။ ရှုံးနိမ့်မှုကို ဝန်ခံအသိအမှတ်ပြု သော မိန့်ခွန်း၌ အနိုင်မရသော်လည်း သူရရှိခဲ့သော ထောက်ခံမဲ ၁၈ သန်း ကို ရည်òန်း၍ ဟီလာရီကလင်တန်က အမျိုးသမီးတို့ကို မှန်ကဲ့သို့ မမြင်သာ အောင်တားဆီးထားသည်တို့ကို အစိတ်စိတ်အàာàာကွဲအောင် မစွမ်းနိုင် သော်လည်း ဤမှန်ချပ်၌အက်ကွဲကြောင်း(၁၈)ခုတော့ရှိသွားပြီဟု ပြောဆို ခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုကဲ့သို့သော နိုင်ငံမျိုး၌ပင်  အမျိုးသမီး အခွင့်အရေးနှင့်ပတ်သက်၍ လိုအပ်ချက်တို့ရှိနေဆဲဖြစ်သည်ကို တင်ပြ လိုခြင်းဖြစ်ပါသည်။
ယခုအခါ   မြန်မာနိုင်ငံ၌လည်း  အမျိုးသမီးတို့၏အခွင့်အရေးကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ဆောင်ကျင့်သုံးရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်နှစ်ရပ်ပေါင်းတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ပါဝင် မှုသည် လေးရာခိုင်နှုန်းသာရှိပါသည်။ ၂ဝ၁၅ ရွေးကောက်ပွဲ၌ အဆိုပါ လွှတ်တော် နှစ်ရပ်ပေါင်းတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ပါ ဝင်မှုသည် ၁၃ ဒသမ ၇ ရာခိုင်နှုန်းအထိ တိုးတက်လာပါသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး ၁၆၇၈၅ ဦးရှိသည့် အနက် အမျိုးသမီးရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ၈၇ ဦးရှိပါသည်။ အောင်မြင်စွာစွမ်းဆောင်နိုင်သော အမျိုးသမီးရပ်ကွက်ကျေးရွာ အုပ်ချုပ် ရေးမှူး ငါးဦးအကြောင်းကို မှတ်တမ်းတင်ရိုက်ကူးထားသည့် ''ခယောင်း လမ်းအလွန်''သတင်းကားသည် အမျိုးသမီးတို့၏ စွမ်းဆောင် နိုင်စွမ်းကို လှစ်ဟဖော်ပြနေပါသည်။
နိုင်ငံ၌ အမျိုးသမီးတို့၏ အခွင့်အရေးတို့ကို အလေးအနက်ဖော်ဆောင် ကျင့်သုံးသင့်ကြောင်း  မီးမောင်းထိုးဖော်ပြနေသည့်  အခြေခံအကြောင်း တရားရှိပါသည်။ တိုင်းပြည်၏လူဦးရေ ၅၁ ဒသမ ၄၈၆ သန်း၌ အမျိုးသမီး ထုသည် ၂၆ ဒသမ ၆၆၂ သန်းရှိပါသည်။
သို့ဖြစ်ပါ၍ တိုင်းပြည်လူဦးရေ၏ တစ်ဝက်ကျော်ရှိသော အမျိုးသမီး ထု၏   အတွေးအမြင်နှင့်ခံစားချက်တို့အပါအဝင်  မျှော်မှန်းချက်တို့ကို လျစ်လျူရှုခြင်းသည်    ဒီမိုကရေစီကို   ကျောခိုင်းခြင်းပင်  ဖြစ်ပါသည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာ၌ အမျိုးသမီးတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရန် ပျက်ကွက်ပါက တိုင်းပြည် လူဦးရေ တစ်ဝက်ကျော်၏စွမ်းဆောင်မှုတို့ကို အလဟဿ အဆုံးရှုံးခံခြင်း ပင် ဖြစ်ပါသည်။ အထက်ပါအချက်တို့သည် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရာ၌ မဖြစ်မနေထည့်သွင်းစဉ်းစားရမည့် အချက်တို့ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပြီး ဖြစ်ပါသည်။
သို့ဖြစ်ပါ၍  အမျိုးသမီးထု၏  စွမ်းဆောင်ရည်မြှင့်တင်ခြင်းသည် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် အားသစ်လောင်း ခြင်းဖြစ်သည်ဟု  အလေးအနက်ခံယူ၍  ကြိုးပမ်းဆောင်ရွက်ကြပါရန် လေးစားစွာတိုက်တွန်းတင်ပြအပ်ပါသည်။

No comments:

Post a Comment