Sunday, September 24, 2017

အီရန်က ကီလိုမီတာ ၂ဝဝဝထိ ပစ်နိုင်သော ပဲ့ထိန်းဒုံးကျည် အောင်မြင်စွာစမ်းသပ်ပစ်လွှတ်

Image may contain: mountain and outdoor

ဒူဘိုင်း စက်တင်ဘာ ၂၃
သောကြာနေ့က ပြုလုပ်ခဲ့သည့်စစ်ရေးပြပွဲတွင် ပြသခဲ့သော ကီလိုမီတာ ၂ဝဝဝ အထိပစ်နိုင်သည့် ပဲ့ထိန်းဒုံးကျည်အသစ်ကို အီရန်၌အောင်မြင်စွာ စမ်းသပ်ပစ်ခတ် နိုင်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများက စနေနေ့တွင် ဖော်ပြကြသည်။
ယခုစမ်းသပ်သည့် ပဲ့ထိန်းဒုံးကျည်မှာ တော်ပီဒိုကိုလည်းသယ်ဆောင်နိုင်ပြီး ယင်းကဲ့သို့စမ်း သပ်မှုမှာ ဝါရှင်တန်ကို စိုးရိမ်ပူပန်မှုဖြစ်ပေါ်စေသည်။ နိုင်ငံပိုင်ရုပ်သံဌာနIRIBက ပဲ့ထိန်းဒုံးကျည် စမ်းသပ်နေပုံကို ပြသခဲ့သော်လည်း အချိန်နှင့်မည်သည့် နေရာတွင် စမ်းသပ်မှုပြုလုပ်ခဲ့သည်ကိုမူ ဖော်ပြမထားပေ။
ကီလိုမီတာ ၂ဝဝဝ ဒုံးကျည်ကို အီရန်နိုင်ငံက တတိယအကြိမ်စမ်းသပ်ပစ် လွှတ်ခဲ့ခြင်းဖြစ်သည်။ သောကြာနေ့က ပြုလုပ်ခဲ့သော စစ်ရေးပြပွဲ၌ အီရန်သမ္မတက အီရန်နိုင်ငံသည်၎င်းတို့၏ ဒုံးကျည်စွမ်းရည်ကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့စမ်းသပ်မှုအတွက် မည်သည့်နိုင်ငံ၏ ခွင့်ပြုချက်ကိုမှ တောင်းခံသွားမည်မဟုတ် ကြောင်းပြောကြားခဲ့သည်။ အင်္ဂါနေ့ကပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ တွင်လည်း အီရန်နိုင်ငံသည် ¤င်းတို့၏ဒုံးကျည်စနစ်ကိုအဆင့်မြှင့်တင်လျက်ရှိပြီး ယီမင်၊ ဆီးရီးယားနှင့် အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခဖြစ်ပွားရာဒေသများသို့ တင်ပို့လျက် ရှိကြောင်း အမေရိကန်သမ္မတထရန့်က ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုက အီရန်နိုင်ငံအပေါ် တစ်ဖက်သတ်ပိတ်ဆို့မှုများပြုလုပ် လျက်ရှိပြီး တီဟီရန်သည် နျူကလီးယားသဘောတူစာချုပ်ကိုဖောက်ဖျက်ကြောင်း နှင့် အီရန်တို့အနေဖြင့် နျူကလီးယားလက်နက်ကို သယ်ဆောင်သွားနိုင်သော ဒုံးကျည် စမ်းသပ်မှုများကို မပြုလုပ်ရန်တောင်းဆိုခဲ့သည်။ အီရန်နိုင်ငံကမူ ၄င်းတို့ စမ်းသပ် သည့်ဒုံးကျည်မှာ နျူကလီးယားလက်နက်ကို သယ်ဆောင်နိုင်ခြင်းမရှိကြောင်း ပြောဆို ခဲ့သည်။
(ရိုက်တာ)

No comments:

Post a Comment