Sunday, July 30, 2017

ခမောက်ကြီးမြို့ ပါချန်မြစ်ကမ်းဘေးကျေးရွာများ မြစ်ရေလွှမ်းမှုဖြစ်ပွား

Image may contain: one or more people, people standing, outdoor and nature
ကော့သောင်း ဇူလိုင် ၂၉
မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းသဖြင့် ပါချန် မြစ်ရေမြင့်တက်မှုကြောင့် ဇူလိုင် ၂၇ ရက် ညနေပိုင်း မှစတင်ကာ ခမောက်ကြီးမြို့အတွင်းရှိ မြစ်ကမ်းဘေး ကျေးရွာများ ရေလွှမ်းမှုဖြစ်ပွားလျက်ရှိသည်။
ဖြစ်စဉ်အရ ဇူလိုင် ၂၉ရက် နံနက်ပိုင်းမှစတင် ကာ အဆက်မပြတ် မိုးသည်းထန်စွာရွာသွန်းခဲ့ရာမှ ထိုင်း-မြန်မာ နယ်နိမိတ်ပိုင်းခြားသတ်မှတ်ထားသည့် ပါချန်မြစ် အတွင်း တောင်ကျရေများစီးဝင်ကာ မြစ်ရေတိုးလာမှု ကြောင့် မြစ်ကမ်းဘေးရွာများဖြစ်သည့် လုံးဖောကျေးရွာ၊ အေးချမ်းသာကျေးရွာနှင့် ဖော့သုတ်ကျေးရွာတို့ရှိ ကမ်းစပ် မှနေအိမ်များ ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခြင်းဖြစ် သည်။
မြစ်ရေတိုးကာရေလွှမ်းမှုကြောင့် လုံးဖောကျေးရွာ တွင် အိမ်ခြေ ၅ဝ၊ အေးချမ်းသာကျေးရွာတွင်အိမ်ခြေ ၂ဝ နှင့် ဖော့သုတ်ကျေးရွာတွင် အိမ်ခြေ ၅ဝ ရေနစ်မြုပ် ခဲ့ရသည်။ တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများ အား ဘေးလွတ်ရာကုန်းအမြင့်ပိုင်းနေရာနှင့် ကျေးရွာ ဘုန်းတော်ကြီးကျောင်းများသို့ ကူညီပို့ဆောင်ကယ်ဆယ်မှု လုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။
ရေကြီးမှုဖြစ်စဉ်ကြောင့် နေအိမ်များအတွင်းသို့ ရေများဝင်ရောက်ခဲ့သော်လည်း ပြည်သူများထိခိုက်သေဆုံး ဒဏ်ရာ ရခြင်း၊ ပျက်စီးဆုံးရှုံးခြင်း ဖြစ်စဉ်များမရှိကြောင်း သိရသည်။ မြစ်ရေဝင်ရောက်မှု အခြေအနေသည် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းမှစတင်ကာ တဖြည်းဖြည်း ပြန်လည် ကျဆင်းနေသော်လည်း ပင်လယ်နှင့်ဆက်စပ်လျက်ရှိသည့် အတွက် ပင်လယ်ဒီရေတက်ချိန်အတွင်း မြစ်ရေစိုးရိမ် ရေမှတ်အခြေအနေများကို တာဝန်ရှိအဖွဲ့အစည်းများက စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
ခမောက်ကြီး(ပြန်/ဆက်)

No comments:

Post a Comment