Sunday, July 2, 2017

ရန်ကုန်မြို့ ဦးဝိစာရလမ်း တပ်မတော်ခန်းမ၌ မိနစ် (၂ဝ) ထမင်းချိုင့်အမြန်ထည့်စိန်ခေါ်ပွဲကြီး စည်ကားစွာကျင်းပမည်

Image may contain: 1 person, standing and food
ရန်ကုန် ဇူလိုင် ၁
နိုင်ငံအတွင်းရှိလုပ်ငန်းခွင် ဝင်ရောက်နေကြသော ဝန်ထမ်းများ၊ ကာယဥာဏ လုပ်သားများအတွက် နေ့လယ်စာထမင်းချိုင့်ကိုအိမ်မှပြင်ဆင်သယ်ဆောင်လွယ်ကူစေရန် ရည်ရွယ်၍ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ သြဂုတ် ၁၇ ရက်မှ ၁၉ ရက်ထိကို သုံးရက်တိုင်တိုင်ကျင်းပမည့် Myanmar Food Bev 2017 ကုန်စည်ပြပွဲကြီး၌ "Super Flash Lunch Box Competition" မိနစ် (၂ဝ) ထမင်းချိုင့်အမြန်ထည့် စိန်ခေါ်ပွဲကြီးအားစည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (MRA)မှ သိရ သည်။
အဆိုပါ မိနစ် (၂ဝ) ထမင်းချိုင့် အမြန် ထည့်စိန်ခေါ်ပွဲကြီးအား မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (MRA) မှ တာဝန်ယူကျင်းပခြင်းဖြစ်ပြီး နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအခြေအနေများ၊ မြို့ပြလူနေမှုအဆင့်အတန်းများ တိုးတက်ပြောင်းလဲလာသော်လည်း နေ့စဉ်နှင့်အမျှ လုပ်ငန်းဝင်နေရသော ဝန်ထမ်းများ၊ ကာယဥာဏ လုပ်သားများ၏ နေ့လယ်စာထမင်းချိုင့်ကို အိမ်မှ ပြင်ဆင်သယ်ဆောင်ရသည့် အလေ့အထမှာမူ ဆက်လက်တည်တံ့လျက် ရှိနေသောကြောင့် အိမ်မှမထွက်မီထမင်းချိုင့် ပြင်ဆင်ထုပ်ပိုးရခြင်းသည် လည်း တာဝန်ကြီးတစ်ရပ်ဖြစ်နေသည့် အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုပမာဖြစ်နေသော ထမင်းချိုင့်ပြင်ဆင်ထုပ်ပိုးခြင်းကို လွယ်ကူလျင်မြန်သော ပုံစံဖြင့်ပြောင်းလဲ ပြင်ဆင်ထုပ်ပိုးနိုင်စေရန် ရည်ရွယ်၍ ပြိုင်ပွဲအား ကျင်းပရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းမှဥက္ကဋ္ဌ ဦးနေလင်းက ပြောကြားခဲ့ သည်။
ပြိုင်ပွဲစည်းကမ်းအရ ပြိုင်ပွဲဝင်များသည် ဟိုတယ်၊ စားသောက်ဆိုင်၊ ချိုင့်ဆွဲ ပို့ဆောင်ရေးလုပ်ငန်းများနှင့် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများတွင် ချက်ပြုတ်တာဝန်ထမ်းဆောင်နေသူ မဖြစ်ရကြောင်း သိရပြီး ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြသော ပြိုင်ပွဲဝင်များနှင့် လာရောက်အားပေးကြ သည့် ပရိသတ်များအနေဖြင့် သန့်ရှင်း လတ်ဆတ်၍ အာဟာရပြည့်ဝသော ထမင်း
ချိုင့်ကိုအချိန်တိုအတွင်း ပြင်ဆင်လာနိုင်ခြင်းဖြင့် တစ်နေ့တာအတွက် ကျန်းမာ ပျော်ရွှင်၍ တန်ဖိုးရှိသောလူမှုဘဝအချိန် များကို ရရှိပိုင်ဆိုင်နိုင်စေမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲ၌ ယခင်နှစ်ပြိုင်ပွဲ ကျင်းပသကဲ့သို့ ပြိုင်ပွဲဝင် စုစုပေါင်း ၁၆ ဦး ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး ၁၆ ဦးအဆင့်၊Quartar Final၊Semi Final၊ Final ဟူ၍ အဆင့်လေးဆင့်ခွဲ၍ ယှဉ်ပြိုင်မည်ဖြစ်ကာ ပြိုင်ပွဲကို ပြိုင်ပွဲဝင်နှစ်ဦး ထိပ်တိုက်တွေ့ဆုံ ယှဉ်ပြိုင်စေပြီး ၎င်းတို့ နှစ်ဦးအနက်မှ တစ်ဦးကို နောက်
တစ်ဆင့် ယှဉ်ပြိုင်ပွဲသို့ တက်ရောက်စေ မည်ဖြစ်သည်။
ပြိုင်ပွဲ၌ ပထမဆုဆွတ်ခူးရရှိသူအား ဆုငွေကျပ် ငါးသိန်းနှင့် ဂုဏ်ပြုဆုတံဆိပ်၊ ဒုတိယဆုရရှိသူအား ဆုငွေကျပ်သုံးသိန်းနှင့် ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်သွားမည်ဖြစ်သောကြောင့် အဆိုပါ ကျင်းပပြုလုပ်မည့် မိနစ် ၂ဝ ထမင်းချိုင့် အမြန်ထည့် စိန် ခေါ်ပွဲကြီးအား စိတ်ပါဝင်စား၍ ယှဉ်ပြိုင်လိုသူများအနေဖြင့် မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းရုံးသို့သော်လည်းကောင်း၊ လူမှုကွန်ရက်စာမျက်နှာမှသော်လည်းကောင်း လျှောက်လွှာများယူ
၍ လျှောက်ထားနိုင်ကြကြောင်း၊ ထို့အပြင်ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်က ပထမအကြိမ် မြောက် ကျင်းပပြုလုပ်ခဲ့သော "Super Flash Lunch Box Competition" မိနစ် (၂ဝ) ထမင်းချိုင့် အမြန်ထည့်စိန်ခေါ်ပွဲကြီးအား ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌သြဂုတ် ၁၈ ရက်မှ ၂ဝ ရက်ထိ
အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း မြန်မာ နိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (MRA) မှသိရသည်။
စိုးဝင်း (MLA)

No comments:

Post a Comment