Sunday, July 30, 2017

ရှေ့ဆက်နေတဲ့ နှလုံးသားပိုင်ရှင် စလင်းဒီယွန်

Image may contain: 2 people, people smiling, sunglasses
ကမ္ဘာကျော်ရုပ်ရှင်တစ်ကားဖြစ်တဲ့ ''Titanic''မှာ ဇာတ်ဝင်တေးသီချင်း တစ်ပုဒ်ဖြစ်တဲ့ ''My Heart Will Go On''ကို ပါဝင်သီဆိုပေးခဲ့ပြီး ယင်းတေး သီချင်းနဲ့ ယနေ့ထက်တိုင် အောင်မြင်နေဆဲ တေးသံရှင် စလင်းဒီယွန်ဟာ လတ်တလောမှာတော့ သူ့ရဲ့နှလုံးသားဟာ အချစ်နဲ့ပတ်သက်လာရင် သေဆုံး သွားခြင်းမရှိဘဲ ရှေ့ဆက်ရှင်သန်နေဆဲဖြစ်တယ်ဆိုတာကို ထုတ်ဖော်ပြသ ခဲ့ပါတယ်။ လတ်တလောမှာ အသက်(၄၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စလင်းဒီယွန် ဟာ ခင်ပွန်းသည် သေဆုံးပြီးတဲ့နောက် လက်တလောမှာတော့ ချစ်သူသစ်နဲ့ ဇာတ်လမ်းတွေစနေပြီဖြစ်ကြောင်း ကောလာဟလတွေပေါ်ထွက်ခဲ့တယ်လို့ အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
စလင်းဒီယွန်ရဲ့ ခင်ပွန်းသည်ဟာ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်အတွင်း ကင်ဆာ ရောဂါကြောင့် ကွယ်လွန်သွားခဲ့ကာ ခင်ပွန်းသည်သေဆုံးခဲ့တဲ့အတွက် စလင်းဒီယွန်ရဲ့ နှလုံးသားကတော့ လိုက်ပါသေဆုံးခဲ့ခြင်းမရှိဘဲ ဆက်လက် ရှင်သန်နေဆဲဖြစ်တာတွေ့ရပါတယ်။ လတ်တလောမှာတော့ စလင်းဒီယွန်နဲ့ ချစ်သူတွေဖြစ်နေကြောင်း ပေါ်ထွက်လာခဲ့သူကတော့ သူ့ရဲ့တေးသီချင်း နောက်ခံအကအဖွဲ့မှာပါဝင်တဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ ပဲရစ်မြို့မှာ အလည်အပတ်ထွက်နေတဲ့ စလင်းဒီယွန်နဲ့ ချစ်သူသစ်ကို မီဒီယာတွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ စလင်း ဒီယွန်ရဲ့ချစ်သူကတော့ ပက်ပေမွန်နိုဇ် ဖြစ်တယ်လို့သိရပါတယ်။ သူတို့နှစ်ဦး ဟာ ပြင်သစ်မှာ ကျင်းပခဲ့တဲ့ ဖက်ရှင်ပြပွဲတစ်ခုကိုလည်း အတူတက်ရောက်ခဲ့ကြ ကြောင်းလည်း သိရပါတယ်။
ပြီးခဲ့တဲ့လအတွင်းမှာလည်း စလင်းဒီယွန်ဟာ သူ့ရဲ့အနုပညာနယ်ပယ်ကို ချဲ့ထွင်လာခဲ့တာတွေ့ရပါတယ်။ တေးသံရှင်တစ်ဦးဖြစ်တဲ့သူဟာ လက်ရှိ မှာတော့ ဖက်ရှင်လောကအတွင်း ဝင်ရောက်လာတာတွေ့ရပြီး ပြင်သစ်မှာ ဖက်ရှင်ဓာတ်ပုံတွေကို ရိုက်ကူးပေးခဲ့ပါတယ်။ သူ့ရဲ့ဖက်ရှင်အမြင်ရှိမှုတွေကို လည်း အများကချီးကျူးကြပြီး စလင်းဒီယွန် ကိုယ်တိုင်ကလည်း ဖက်ရှင်နဲ့ ပတ်သက်ရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိကြောင်းလည်း ဖွင့်ဟပြောကြား ခဲ့ပါတယ်။ လက်ရှိမှာ သူနဲ့လက်တွဲနေတဲ့ ပက်ပေဟာလည်း ဖက်ရှင်မော်ဒယ်လ် တစ်ဦးဖြစ်တာကြောင့် နှစ်ဦးသား မိတ်ဆွေကောင်းတွေလည်းဖြစ်ကြပြီး အပြန်အလှန် အကူအညီတွေ ရယူနေကြတာဖြစ်တယ်လို့လည်း သိရ ပါတယ်။
အေးပြည့်

No comments:

Post a Comment