Sunday, July 2, 2017

လှိုင်မြို့နယ်တွင် ဆင်ဆာမဲ့ ဗီဒီယိုခွေများ သိမ်းဆည်းရမိ

Image may contain: one or more people
ရန်ကုန် ဇူလိုင် ၁
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ တပ်ဖွဲ့ဝင်များသည် လှိုင်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဇွန် ၃ဝ ရက် နံနက် ၁ဝ နာရီခွဲတွင် ဆင်ဆာမဲ့ခွေများ ကူးယူဖြန့်ဖြူး ရောင်းချနေကြောင်း သတင်းအရ လှိုင်မြို့နယ် (၁၆)ရပ်ကွက် ဘုရား လမ်းရှိ နိုင်လင်းနေထိုင်သော နေအိမ် တိုက်ခန်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ အိမ်ရှင်ဖြစ်သူ နိုင်လင်းအား မတွေ့ ရှိရဘဲ အဆိုပါ တိုက်ခန်းအတွင်း၌ အင်းစိန်မြို့နယ်နေ ဆမ်လူခွန်(၂၉)နှစ်နှင့် ရွှေပြည်သာမြို့နယ်နေ ဇွဲစည်သူလွင်(၂ဝ)နှစ်တို့ နှစ်ဦးအား ခွေကူးစက်များနှင့်အတူ တွေ့ရှိရပြီး အခန်းအတွင်းမှ Sex စာတန်းပါ ဆင်ဆာမဲ့ညစ်ညမ်းDVDခွေ ၃၆ ခွေ၊SEXစာတန်းပါညစ်ညမ်း ရုပ်ပုံ စက္ကူကာဘာ အရွက် ၄ဝဝဝ ပါရှိသည့် ကတ္ထူစက္ကူပုံးနှစ်ပုံး၊ မြန်မာအဆိုတော် အမည်များပါ နမူနာသီချင်းခွေ တစ်ခွေတွဲလျက် စက္ကူကာဘာ အရွက် ၁ဝဝ ပါ ပီနံအိတ်လေးအိတ်၊ Vicopy အမျိုးအစားDVD ခွေ ၁ဝ ခွေ တစ်ပြိုင်တည်း ကူးယူနိုင်သည့် ခွေကူ စက်ခြောက်လုံး၊ Vicopy အမျိုးအစားDVD ခွေ ၁ဝ ခွေ တစ်ပြိုင်တည်း ကူးယူနိုင်သည့် ခွေကူးစက်ဖရိန် လေး လုံး၊ Power Tree S 125 OP တံဆိပ် ပါ USB အနက်ရောင် လေးလုံး၊ မီးအားမြှင့်စက်တစ်လုံး၊ ကူးယူပြီး ခွေများကို
ပြန်လည်ကြည့်ရှုသည့်Samsung အမျိုးအစား LCD တစ်လုံး၊Saga တံဆိပ် EVD စက် တစ်လုံး၊ ပန်ကာငါးလုံး၊ Angle တံဆိပ်ပါ တစ်ဖာလျှင်DVD ခွေ အချပ် ၆ဝဝ ပါ စက္ကူဖာ ၁၈ ဖာနှင့် DVD Drive ၅ဝ တို့အား ရှာဖွေ တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ယင်းသို့ ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် နိုင်လင်း(စုံစမ်းဆဲ)ပါ သုံးဦးတို့အား လှိုင်မြို့မရဲစခန်းတွင် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment