Sunday, July 30, 2017

ဟယ်ရီစတိုင်ကို ပြန်လည်လက်တွဲလိုနေတဲ့ ကန်ဒဲလ်ဂျန်ဒါ

Image may contain: 1 person, smiling, standing
ဗြိတိန်ရဲ့ကျော်ကြားတဲ့ အမျိုးသား တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ''One Direction''မှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဟယ်ရီစတိုင်နဲ့ တစ်ချိန်က ဇာတ် လမ်းတွေဖြစ်ခဲ့ကြတဲ့ ဟောလိဝုဒ် ကြယ်ပွင့်တစ်ဦးဖြစ်သူ မော်ဒယ် ကန်ဒဲလ်ဂျန်ဒါတို့ဟာ လတ်တလော မှာတော့ တစ်လမ်းစီလျှောက်နေကြပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း လတ်တလောမှာတော့ ကန်ဒဲလ်ဂျန်ဒါ ဘက်က ဟယ်ရီကို ဇာတ်လမ်းတွေ ပြန်စချင်နေကြောင်း သတင်းတွေ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။
အသက်(၂၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကန်ဒဲလ်ဂျန်ဒါဟာ ရက်ပ်တေးသံရှင် တစ်ဦးဖြစ်တဲ့ အေအက်အေပီရော်ကီ နဲ့ ချစ်သူတွေဖြစ်နေကြကြောင်း အများက လက်ခံထားကြတာဖြစ်ပါ တယ်။ ဒါပေမယ့် လတ်တလောမှာ ကန်ဒဲလ်ဂျန်ဒါက သူ့ရဲ့လူမှုကွန်ရက် မီဒီယာတစ်ခုဖြစ်တဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ ဖော်ပြခဲ့တဲ့စာသား တွေနဲ့ ဓာတ်ပုံတွေကြောင့် ထိပ်တန်း မော်ဒယ်လ်ဟာ ပေါ့ပ်ကြယ်ပွင့် ဟယ်ရီစတိုင်ကို ပြန်လည်ဆွဲဆောင် နေတာ ဖြစ်နိုင်ကြောင်း ဟောလိဝုဒ် မီဒီယာတွေက ဝေဖန်ခဲ့ကြတာဖြစ်ပါ တယ်။ ကန်ဒဲလ်ဂျန်ဒါနဲ့ ရင်းနှီးတဲ့ အသိုင်းအဝိုင်းကလည်း စူပါ မော်ဒယ်လ်ဟာ လက်ရှိ ချစ်သူနဲ့ လမ်းခွဲဖို့ ဆန္ဒတွေရှိနေကြောင်းနဲ့ ဟယ်ရီဘက်ကိုသာ စိတ်ကပြန်လည် ရောက်ရှိနေတာဖြစ်ကြောင်းလည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment