Sunday, July 2, 2017

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုပိုင်းလွတ်မြို့ ရဲစခန်းရှေ့ မြေကာနံရံပြိုကျ

Image may contain: plant, tree, house, sky and outdoor
မိုပိုင်းလွတ် ဇူလိုင် ၁
ဇွန် ၃ဝ ရက် ညနေပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး ပြတ်ရွေ့ ကြောဖြစ်ပေါ်မှုကြောင့် စစ်ကိုင်း တိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ လေရှီးမြို့နယ် မိုပိုင်း လွတ်မြို့ရှိ ရဲစခန်းရှေ့ မြေကာနံရံ ကွဲအက်ပြိုကျပျက်စီးခဲ့သည်။
၂ဝ၁၆ ခုနှစ် ဇူလိုင် ၆ ရက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ပြတ်ရွေ့ ကြောဖြစ်ပေါ်မှုကြောင့် မိုပိုင်းလွတ်မြို့ ရှိ အချုပ်ခန်းပြိုကျပျက်စီးခဲ့ပြီး ပြိုကျပျက်စီးခဲ့သော အချုပ်ခန်း အား ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် စာရာမေရိကုမ္ပဏီမှ အချုပ်ခန်း ဆောက်လုပ်ခြင်းလုပ်ငန်းကို ကုန်ကျ ငွေကျပ် ၁၆၄၅ဝဝဝဝ နှင့် မြေကာနံရံ တည်ဆောက်ခြင်း လုပ်ငန်းကို ကုန်ကျငွေကျပ် ၆၅၆ဝဝဝဝဝ ဖြင့် ယခုနှစ် ဖေဖော် ဝါရီလတွင်အပြီး ပြန်လည်တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ မြေကာနံရံသည် မိုးသည်းထန်စွာ ရွာသွန်းပြီး ပြတ်ရွေ့ကြောဖြစ်ပေါ် မှုကြောင့် ဇူလိုင် ၁ ရက် နံနက် ၁ဝ နာရီခွဲတွင် ထပ်မံကွဲအက်ပြိုကျပျက်စီး ခဲ့ကြောင်း သိရသည်။
ရှိန်းလေး(မိုပိုင်းလွတ်)

No comments:

Post a Comment