Sunday, July 30, 2017

ရေဝင်ရောက်မှုကြောင့် လယ်ဧက ၅ဝဝဝ ကျော် ရေနစ်မြုပ်လျက်ရှိ

Image may contain: sky, outdoor, nature and water
ကျုံပျော် ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်တွင် ချောင်းရေများဝင်ရောက်လာမှု ကြောင့် ဇူလိုင် ၂၈ ရက်အထိ မိုးစပါးဧက ၅ဝဝဝ ကျော် ရေနစ်မြုပ်လျက် ရှိပြီး ရေမြုပ်ရက်ကြာမြင့်မှုအပေါ်မူတည်၍ ပျက်စီးဆုံးရှုံးမှုများ ရှိလာ မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြေအနိမ့်ပိုင်းကျေးရွာများရှိ ကျေးရွာအုပ်စု ၂၉ စုမှ တောင်သူ ၁၂၈၅ ဦးတို့၏ မိုးစပါး ၅ဝ၅၆ ဧကတွင် ရေဝင်ရောက်လျက်ရှိပြီး ပျက်စီးမှုရှိသည်။ ကျုံပျော်မြို့နယ်သည် ယခင်နှစ် များကလည်း ဒါးကချောင်းရေ တိုးဝင်မှုကြောင့် လူနေအိမ်များ၊ စပါးနှင့် စိုက်ပျိုးသီးနှံစိုက်ခင်းများတွင် ရေဝင်ရောက်ခဲ့ခြင်းများဖြစ်ပေါ်ခဲ့ဖူးသည်။
နေဝင်းမြင့် (ပြန်/ဆက်)

No comments:

Post a Comment