Sunday, July 30, 2017

ဂျိမ်းစ်ဘွန်းမင်းသမီးအသစ် ဖြစ်လာလေမလား

Image may contain: 5 people, people smiling, people standing
လတ်တလောမှာ အသက်(၂၄)နှစ် အရွယ်ရှိပြီဖြစ်တဲ့ ကာရာဒယ်လီ ဗင်းဟာ ဟောလိဝုဒ်ရဲ့ ကျော်ကြားတဲ့ မော်ဒယ်လ်တစ်ဦး ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကာရာဟာ သရုပ်ဆောင်နယ်ပယ်အတွင်း ခြေချ လာခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မှာလည်း သူ့ရဲ့ရုပ်ရှင်သစ်တစ်ကားကို ရုံတင်ပြသခဲ့ပါတယ်။ ဒါ့အပြင် လတ်တလောမှာတော့ ကာရာဟာ လာမယ့် ဂျိမ်းစ်ဘွန်းရုပ်ရှင်မှာ မင်းသမီးအဖြစ် ရွေးချယ်ခံရနိုင် ကြောင်းလည်း သတင်းတွေပေါ်ထွက် လျက်ရှိတယ်လို့ အေ့စ်ရှိုးဘစ်ဇ် ဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။
ဒီလို သရုပ်ဆောင်ရာမှာလည်း သူ့ကို ဂျိမ်းစ်ဘွန်းမင်းသားတစ်ဦးနဲ့ တွဲဖက်ကာ သရုပ်ဆောင်သွားစေမှာ မဟုတ်ဘဲ အထူးလျှို့ဝှက်စုံထောက် ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်သွား စေမှာဖြစ်တယ်လို့လည်း ကနဦးမှာ ကောလာဟလတွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။
နောက်ဆုံးထွက်ရှိထားတဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေမှာ ဂျိမ်းစ်ဘွန်းအဖြစ် ပါဝင်ထားတဲ့ မင်းသားကြီး ဒန်နီရယ်ခရက်ခ်ျရဲ့နေရာမှာ ကာရာကို အစားထိုး သရုပ်ဆောင်သွားစေဖို့ ပေါ်ထွက်နေတဲ့သတင်းတွေအပေါ် ကာယကံရှင် ဖြစ်တဲ့ ကာရာဒယ်လီဗင်းကလည်း သူ့အနေနဲ့ ပါဝင်ပေးဖို့ ကမ်းလှမ်းလာပါက လက်ခံမှာဖြစ်ကြောင်းနဲ့ သူကိုယ်တိုင်ကလည်း အထူးလျှို့ဝှက်စုံထောက် ဂျိမ်းစ်ဘွန်းရဲ့ဇာတ်ကောင်အဖြစ် ပါဝင်လှုပ်ရှားဖို့ ဆန္ဒတွေရှိနေတာ ဖြစ်ကြောင်း လည်း ပြီးခဲ့တဲ့ တနင်္လာနေ့က စတင်ရုံတင်ခဲ့တဲ့ ကာရာရဲ့ရုပ်ရှင် "Valerian and the City of a Thousand Planets" ဖွင့်ပွဲမှာ သယ်စန်းသတင်းစာ ကို ထုတ်ဖော်ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့် လတ်တလောမှာတော့ လက်ရှိဂျိမ်းစ်ဘွန်းမင်းသားကြီး ဒန်နီရယ်ခရက်ခ်ျကို လာမယ့် ဂျိမ်းစ်ဘွန်းရုပ်ရှင်သစ်မှာ ပြန်လည်ပါဝင်ဖို့ရာ အတည်ပြုခဲ့တာကြောင့် ကာရာအနေနဲ့ ဂျိမ်းစ်ဘွန်းမင်းသမီးဖြစ်လာနိုင် ကြောင်း ဝေဖန်ခဲ့ကြပါတယ်။ လာမယ့် ဂျိမ်းစ်ဘွန်းရုပ်ရှင်ကိုတော့ ''Bond 25''လို့အမည်ပေးထားပြီး အမေရိကန်နိုင်ငံတစ်ဝန်း လာမယ့် ၂ဝ၁၉ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာ စတင်ရုံတင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment