Sunday, July 30, 2017

ကင်ဆာကြောင့် ကိုယ်အလေးချိန် ပေါင် ၂ဝ ကျော်ကျခဲ့တဲ့ ကမ်ဝူဘင်

Image may contain: 1 person, smiling
တောင်ကိုရီးယားမင်းသားတစ်ဦးဖြစ်တဲ့ ကမ်ဝူဘင်ဟာ ကင်ဆာရောဂါခံစားနေရကြောင်း တရားဝင်ထုတ်ဖော်ပြော ကြားခဲ့ပြီးတဲ့နောက် လတ်တလောမှာ ကုသမှုတွေခံယူနေ တာ ဖြစ်ပါတယ်။ ဒီလိုကင်ဆာကုသမှုတွေကြောင့် ကမ်ဝူဘင်ရဲ့ ကိုယ်အလေးချိန်ဟာ ကုသမှုတွေမခံယူရမီ ကထက် ၂၂ ပေါင်ခန့် လျော့ကျသွားခဲ့ကြောင်း အေ့စ်ရှိုး ဘစ်ဇ်ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
ကမ်ဝူဘင်ဟာ လည်ချောင်းကင်ဆာတစ်မျိုးကို ခံစားနေရတာဖြစ်ပြီး လက်ရှိမှာတော့ ဓာတ်ရောင်ခြည်နဲ့ ဆေးဝါးကုသမှုတွေကို ခံယူခဲ့ရပြီးဖြစ်ကာ ပထမအကြိမ်ကုသမှုတွေပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ ဒီလိုပထမဆုံးကုသမှုတွေအပြီးမှာတော့ ကမ်ရဲ့ ကိုယ်အလေးချိန်ဟာ ၂၂ ပေါင် ခန့်လျော့ကျခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြိမ် ကုသမှု တွေကိုတော့ လာမယ့်သြဂုတ်လလယ်ပိုင်းမှာ ပြန်လည် စတင်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။
ပြီးခဲ့တဲ့မေလအတွင်း ကင်ဆာရောဂါခံစားနေရ ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့တဲ့ ကမ်ဝူဘင်ဟာ ရောဂါစတင်ဖြစ်ပွားချိန်မှာသိရှိခဲ့တဲ့အတွက် ပျောက်ကင်း နိုင်ဖို့အလားအလာရှိကြောင်း ကမ် ဆေးကုသနေတဲ့ဆေးရုံမှ ဆရာဝန်တစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ လက်ရှိမှာလည်း ကမ်ဟာ ကင်ဆာကုထုံးတွေရဲ့ဒဏ်ကို အတော်ခံခဲ့ရပြီး ကိုယ်အလေးချိန်တွေလည်း လျော့ကျခဲ့ တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ကြံ့ခိုင်မှုအပိုင်း ကတော့ ကောင်းမွန်နေဆဲဖြစ်ကာ လေ့ကျင့်ခန်းတွေပြုလုပ် ဖို့ပင် လုံလောက်တဲ့ခွန်အားရှိနေဆဲဖြစ်ကြောင်းလည်း ကမ်ဝူဘင်ရဲ့ ဖျော်ဖြေရေးအေဂျင်စီက ထုတ်ဖော်ပြော ကြားခဲ့ပါတယ်။
လာမယ့် သြဂုတ်လအတွင်း ဒုတိယအကြိမ် ကုသမှု တွေအပြီးမှာတော့ ကမ်ဝူဘင်ရဲ့ ရောဂါနဲ့ပတ်သက်ပြီး ဆေးစစ်ချက်ထွက်ပေါ်လာမှာဖြစ်တဲ့အတွက် အကောင်း ဘက်ကိုသာ မျှော်လင့်ထားကြောင်းနဲ့ လက်ရှိမှာတော့ ကမ်ရဲ့အခြေအနေဟာ တိုးတက်နေပြီလို့ဆိုနိုင်ကြောင်းလည်း အေဂျင်စီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိမှာ ကမ်ဟာ ကိုယ်အလေးချိန်ကျတာအပြင် ဆံပင်ကျွတ်တာတွေကိုပါ ခံစားနေရကြောင်းလည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment