Sunday, July 30, 2017

ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက် ဗိုလ်ချုပ်လမ်း မြေထိန်းနံရံပြိုကျ

Image may contain: outdoor
ဖလမ်း ဇူလိုင် ၂၉
ချင်းပြည်နယ် ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ မြေထိန်းနံရံသည် ဇူလိုင် ၂၉ ရက် နံနက် ၆ နာရီ က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပေ ၂ဝ အကျယ် ရေတိုက်စားပြိုကျခဲ့သည်။ အလားတူ ကျင်မွာလ်ရပ်ကွက် ခရိုင်မီးသတ်ရုံးအနီး မြို့ရှောင်လမ်း တောင်နံရံမြေစာများပြိုကျ၍ လမ်းပိတ်ဆို့မှုဖြစ်ခဲ့ရာ ဖလမ်းမြို့ လမ်းဦးစီးဌာနက မြေစာများကို ယာဉ်၊ စက်ကြီးများဖြင့် ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment