Monday, January 30, 2017

ဗီးနပ်စ်ဝီလျံအား အနိုင်ယူ၍ သြစတြေးလျအိုးပင်း ချန်ပီယံဆုကို ဆရီနာဝီလျံဆွတ်ခူး

Image may contain: 1 person, smiling
ဇန်နဝါရီ ၂၈ ရက်က ယှဉ်ပြိုင်ခဲ့သည့် သြစတြေးလျအိုးပင်း ဗိုလ်လုပွဲတွင် အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံက အစ်မဖြစ်သူ ဗီးနပ်စ်ဝီလျံကို ၆-၄၊ ၆-၄ဖြင့် နှစ်ပွဲပြတ်အနိုင်ယူ၍ သူ့အတွက် ၂၃ ခုမြောက် ဂရင်းစလင်း ချန်ပီယံဆုအဖြစ်ဆွတ် ခူးနိုင်ခဲ့ပြီဖြစ်သည်။ ဆရီနာဝီလျံမှာ ယင်းသို့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သဖြင့် စတပ်ဖီဂရာ့ဖ်၏ ၂၂ခုမြောက် ဂရင်းစလင်း ချန်ပီယံဆုအရေအတွက်ကို ကျော်ဖြတ်နိုင်ပြီဖြစ်သလို ထာဝရ အများဆုံး ဂရင်းစလင်းချန်ပီယံဆုရှင် မာဂရက်ကော့၏ စံချိန် ကို လိုက်မီရန် တစ်ဆုသာလိုတော့သည့် အနေအထားကို ပိုင်ဆိုင်နိုင်ခဲ့သည်။
ဆရီနာဝီလျံက'' ကျွန်မ တင်းနစ်ကွင်းထဲရောက်ပြီဆိုရင် နိုင်ပွဲပဲရချင်ပါတယ်။ ဒီလိုစိတ်ဆန္ဒတွေကြောင့်လည်း အောင်ပွဲတွေ အခုလို ရရှိနေတာဖြစ်ပါတယ်။ အခုလို ဂရင်းစလင်း ချန်ပီယံဆုကို ၂၃ ကြိမ် ဆွတ်ခူးနိုင်ခဲ့တယ်ဆိုတာ တကယ် ကောင်းမွန်တဲ့ ခံစားချက်ပါ''ဟု ဆုလက်ခံရယူအပြီးတွင် ပြောကြာခဲ့သည်။
ယခုကဲ့သို့ ဗိုလ်စွဲပြီးနောက် ဆရီနာဝီလျံမှာ ဂျာမန် တင်းနစ်မယ် အိန်ဂျလိခ်ကာဘာထံမှ ကမ္ဘာ့အဆင့်(၁)နေရာ ကို ပြန်လည် လက်လွှဲရယူနိုင်ခဲ့သည်။ ဆရီနာဝီလျံကို ရှုံးနိမ့်ခဲ့ သည့် ဗီးနပ်စ်ဝီလျံမှာမူ ကမ္ဘာ့အဆင့် (၁၇)နေရာမှ အဆင့် (၁၁)နေရာသို့ တက်လှမ်းနိုင်လာခဲ့သည်။
ဗီးနပ်စ်ဝီလျံကလည်း ၂ဝဝ၉ခုနှစ်နောက်ပိုင်း ဂရင်းစလင်းဗိုလ်လုပွဲအဆင့်သို့ တက်ရောက်လာနိုင်မှုနှင့်အတူ ၂ဝ၁၇ခုနှစ်အတွင်း ချန်ပီယံဆုကို စိန်ခေါ်နိုင်သည့် အသင့်အနေအထား ရောက်ရှိနေပြီဟု ကြွေးကြော်ခဲ့သည်။
မေလဲ့သင်း စုစည်းသည်

No comments:

Post a Comment