Monday, January 30, 2017

မြန်မာ-ဂျပန် ချစ်ကြည်ရေး ချယ်ရီပင်စိုက်ပျိုးပွဲတော်ကျင်းပ

Image may contain: 20 people, people smiling, people standing and outdoor

ချယ်ရီပင်ပေါင်း ၁ဝဝဝ ကို နေပြည်တော် ကြာပန်းအဝိုင်းမှ လွှတ်တော်သို့သွားသည့် ဇဝနလမ်းဝဲယာတွင် စိုက်ပျိုးသွားမည်
---------------------------------------------------------------------------
နေပြည်တော် ဇန်နဝါရီ ၂၉
နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အနာဂတ်လူငယ်များ ငြိမ်းချမ်းရေးကို အလေးထားဆောင်ရွက်နိုင်ရန်၊ ခရီးသွား လုပ်ငန်းမြှင့်တင်ရန် ရည်ရွယ်ချက်များဖြင့် မြန်မာ-ဂျပန် ချစ်ကြည်ရေး ချယ်ရီပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇဝနလမ်းရှိ ဗိုလ်ရှုသဘင်အနီး၌ ကျင်းပ ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ မြန်မာ-ဂျပန် ချစ်ကြည်ရေး ချယ်ရီပင်ကို စိုက်ပျိုးပေးသည်။
ချယ်ရီပန်းသည် သင်္ကေတတစ်ခုဖြစ်
အခမ်းအနား၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ချယ်ရီပင်များ၏ သင်္ကေတသည် မြန်မာ-ဂျပန် နှစ်နိုင်ငံအကြားရှိ ချစ်ကြည်ရေးသင်္ကေတပင် ဖြစ်ကြောင်း၊ ချယ်ရီပန်းသည် ဂျပန်နိုင်ငံသူ နိုင်ငံသားများ အင်မတန် နှစ်သက်သည့် ပန်းဖြစ်ပြီး အင်မတန်လှပသည့် ပန်းဖြစ်ပါ ကြောင်း၊ ချယ်ရီပန်းပင်များကို မြန်မာ နိုင်ငံ၌ လာရောက်စိုက်ပျိုးခြင်းသည် ထိုပန်းကဲ့သို့သော အလှအပများ မြန်မာ နိုင်ငံသို့ ရောက်ရှိလာစေရန်ဖြစ်ကြောင်း၊ ချယ်ရီ ပန်းသည် ဂျပန်ယဉ်ကျေးမှုတွင် အင်မတန်အရေးကြီးသည့် သင်္ကေတ တစ်ခုဖြစ်ကြောင်း၊ ချယ်ရီပန်းများသည် သစ္စာရှိရှိဖြင့် နှစ်တိုင်းနှစ်တိုင်းပွင့်ပါ ကြောင်း၊ သို့သော်လည်း ကြာကြာမခံဘဲ ပွင့်ပြီး ခဏလေးဖြင့် ပြန်ြေ<ွကသွားပါ ကြောင်း။
ရုပ်ပိုင်းဆိုင်ရာတင်မက စိတ်ဓာတ်ပိုင်း ဆိုင်ရာ လှပတင့်တယ်ရန် လိုအပ်
သို့သော်လည်း ထိုပန်း၏အလှသည် ရှိနေသမျှ၊ ခံသမျှတော့ အင်မတန်တင့် တယ်ပါကြောင်း၊ ထို့ကြောင့် ချယ်ရီပန်းမှ သင်ခန်းစာယူရမည်ဆိုလျှင် မိမိတို့သည် လူ့ဘဝတွင် ရှိနေသရွေ့တော့ တင့်တယ် အောင်နေရမည်၊ မိမိပတ်ဝန်းကျင်ကို လှပအောင် ကြိုးစားရမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်လှပရေးဆိုသည်မှာ ရုပ်ပိုင်း ဆိုင်ရာတင်မက စိတ်ဓာတ်ပိုင်းဆိုင်ရာ လှပတင့်တယ်ရန်လိုအပ်ပါကြောင်း။
မျှဝေပေးသည့်အတွက် ကျေးဇူးတင်ရှိ
မိမိတို့လူ့ဘဝသည် မည်မျှ တိုတောင်းသည်ဖြစ်စေ မိမိတို့ပတ်ဝန်း ကျင်၊ မိမိတို့ နေထိုင်သည့်နိုင်ငံ၊ မိမိတို့ နေထိုင်သည့် က္ဘာကြီးအတွက် အကျိုး ဖြစ်အောင် အသုံးပြုရမည်ဟုဆိုလိုခြင်း သဘောဖြစ်ပါကြောင်း၊ ချယ်ရီပန်းများကို တန်ဖိုးထားခြင်းသည် အဆိုပါအတွေး အခေါ်များကို တန်ဖိုးထားခြင်းဖြစ် ကြောင်း၊ မည်သည့်ယဉ်ကျေးမှုတွင်မဆို ကောင်းမွန်သည့် အရာများ၊ မျှဝေပေးနိုင် သည့်အရာများ များစွာရှိပါကြောင်း၊ မျှဝေပေးသင့်သည့်အရာများကို ယခုလို မျှဝေပေးသည့်အတွက်လည်း များစွာ ကျေးဇူးတင်ရှိပါကြောင်း။
ကောင်းမွန်သည့် လက္ခဏာဖြစ်
ယခုလို မျှဝေပေးခြင်းအားဖြင့် တစ်က္ဘာလုံးတွင် လူသားအချင်းချင်း ဆက်သွယ်သည့် စိတ်ဓာတ်များ ပိုမိုခိုင်မာ လာမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ ယခု မိမိတို့နိုင်ငံ၏ ရာသီဥတုအခြေအနေ သည် မပူလွန်း မအေးလွန်း မျှတသည့် ရာသီဥတုအချိန်အခါဖြစ်သည့်အတွက် ချယ်ရီပင်များ စိုက်ပျိုးခြင်းသည် အင်မတန်ကောင်းမွန်သည့် လက္ခဏာ ဖြစ်ပါကြောင်း။
ပန်းတိုင်ကို ခေါ်ဆောင်သွားနိုင်မည်
မိမိတို့နိုင်ငံသည် ယခုအခါ ငြိမ်းချမ်း ရေးလမ်းပေါ်တွင် စတင်လျှောက်လှမ်း နေသည့်အချိန်ဖြစ်ပါကြောင်း၊ မိမိတို့ ငြိမ်းချမ်းရေးလမ်းသည်လည်း လှပခြင်း၊ တင့်တယ်ခြင်း၊ မှန်ကန်ခြင်း၊ သဟဇာတ ဖြစ်ခြင်းဆိုသည့်တန်ဖိုးများကို အလေး ထားပြီး ဆောက်တည်သွားရမည်ဖြစ် ကြောင်း၊ ထိုသို့ဆောက်တည်သည့် လမ်းမှသာ မိမိတို့လိုချင်သည့် ပန်းတိုင်ကို ဖြောင့်ဖြောင့်ဖြူးဖြူးဖြင့် ခေါ်ဆောင်သွား နိုင်မည်ဖြစ်ကြောင်း။
ငြိမ်းချမ်းရေး၏သင်္ကေတပင်ဖြစ်
ကမ္ဘာကြီးတွင် လူသားများအားလုံး သည် ငြိမ်းချမ်းရေးကို လိုချင်၊ လိုလား၊ တမ်းတတန်ဖိုးထားကြသည်ကို ယုံကြည် ပါကြောင်း၊ ငြိမ်းချမ်းရေး၏ အဓိပ္ပာယ်နှင့် ငြိမ်းချမ်းရေး၏ တန်ဖိုးကို နားမလည်ကြ သူများသာ ငြိမ်းချမ်းရေးကို အလေး မထား၊ မလိုလားခြင်းဖြစ်ပါကြောင်း၊ မိမိတို့၏ နိုင်ငံသူ နိုင်ငံသားများ ငြိမ်းချမ်း ရေး၏ အလှအပကို နားလည်စေရန် သင်္ကေတအမျိုးမျိုးဖြင့် ကြိုးစားသွားရ မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးသင်္ကေတ သည် ချိုးဖြူလေးဖြစ်သည်ကို အားလုံး အသိဖြစ်ပါကြောင်း၊ ချယ်ရီပန်းကဲ့သို့ အင်မတန်လှပပြီး မတူညီသည့် ယဉ်ကျေးမှုများကြားတွင် အဆက် အသွယ်လုပ်ပေးနိုင်သည့် ပန်းလေးတစ်ခု သည်လည်း ငြိမ်းချမ်းရေး၏သင်္ကေတ ပင်ဖြစ်ပါကြောင်း၊ မတူကွဲပြားသည့် စိတ်ထားများကို ညီညွတ်စေသည့် အလှ တရားများအား မိမိတို့ကိုသင်ပေးသည်ဟု ယူဆပါကြောင်း။
တိုက်တွန်းမှာကြား
ထို့ကြောင့် ချယ်ရီပန်းပင်များကို စိုက်ပျိုးသည့်အခါ ပန်းပင်စိုက်သည်ဟု မစဉ်းစားဘဲ နိုင်ငံနှစ်ခုကြားတွင်ရှိသည့် ချစ်ကြည်မှု၊ ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေရန် စိုက်ထူသည်၊ ပြုစုပျိုးထောင်သည်ဟု သဘောထားပြီး မိမိနိုင်ငံအတွက် အလှ တရားများ တိုးပွားစေမည့် ငြိမ်းချမ်းရေး လမ်းစဉ်ကိုလည်း အထောက်အကူဖြစ်စေ သည့် သင်္ကေတဟု စိတ်ထဲတွင်ထားရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြား သည်။
ဆက်လက်၍ ဂျပန်-မြန်မာ ပါလီမန်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. ICHIRO AISAWA က ချယ်ရီပန်း၏ သဘာဝ၊ အလှတရား၊ အဓိပ္ပာယ်များနှင့် စိုက်ပျိုးရခြင်းအကြောင်းကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ချယ်ရီပင်စိုက်ပျိုးပွဲတော် ကိုကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဂျပန်-မြန်မာ ပါလီမန် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များက သတ်မှတ်နေရာများ၌ ချယ်ရီပင် များကို စိုက်ပျိုးပေးကြသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီး များသည် အခမ်းအနားသို့ တက်ရောက် လာသည့် ဧည့်သည်တော်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ သည်။
စိုက်ပျိုးသွားမည်
ဂျပန်နိုင်ငံမှ ချယ်ရီပင်ပေါင်း ၁ဝဝဝ ကို နေပြည်တော် ကြာပန်းအဝိုင်းမှ လွှတ်တော်သို့သွားသည့် ဇဝနလမ်း၏ ဝဲယာတွင်စိုက်ပျိုးရန် စီစဉ်ထားကြောင်း၊ ပထမအကြိမ်အဖြစ် ချယ်ရီပင် ၁ဝဝ ကို စတင်စိုက်ပျိုးခဲ့ပြီး ၂ဝ၁၇ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အထိ နှစ်စဉ် နိုဝင်ဘာလတွင် ချယ်ရီ ပင် ၂ဝဝ စီ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း နှင့် ၂ဝ၂ဝ ပြည့်နှစ်တွင် ချယ်ရီပင် ၃ဝဝ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။
စုစုပေါင်း ၁၁ဝဝဝဝ စိုက်ပျိုးပြီး
ယခုစိုက်ပျိုးသည့် (Prunus Youkouzakura ) ချယ်ရီပင်သည် ဂျပန်မူရင်းချယ်ရီပင်ဖြစ်သည့် ဆိုမဲရောရှိ (Someyoshi) အမျိုးအစားချယ်ရီပင် အား အပူပိုင်းဒေသတွင် စိုက်ပျိုးအောင် မြင်နိုင်စေရန်အတွက် မျိုးရိုးဗီဇကို အင်ဂျင်နီယာနည်းပညာဖြင့် ပြုပြင် ပြောင်းလဲမှုပြုလုပ်ခဲ့ရာမှ ရရှိလာသော အပင်အမျိုးအစားဖြစ်သည်။ ချယ်ရီပန်း ပညာရှင် Mr.MASAAKI TAKAOKA က လွန်ခဲ့သည့် ၅၁ နှစ်ကတည်းက အောင်မြင်မှုရခဲ့ ပြီး အဆိုပါ ချယ်ရီပင်များအား နိုင်ငံတကာတွင် စိုက်ပျိုးခဲ့ရာ ယနေ့ အထိ အပင်အရေအတွက် စုစုပေါင်း ၁၁ဝဝဝဝ စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment