Thursday, December 1, 2016

Eleven Media Group ၏ CEO နှင့် အယ်ဒီတာချုပ်တို့ အမှုအာမခံလျှောက်ထားမှု ပယ်ချခံရ



Image may contain: 6 people , tree and outdoor
ရန်ကုန် နိုဝင်ဘာ ၃ဝ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုထားသော Eleven Media Group ၏ CEO နှင့် အယ်ဒီတာ ချုပ်တို့အား ယနေ့နံနက်ပိုင်းက ရုံးထုတ်ခဲ့ပြီး စွပ်စွဲခံရသူတို့ဘက်မှ အာမခံလျှောက်ထားမှုအပေါ် တာမွေ မြို့နယ် တရားရုံးက ပယ်ချလိုက်ကြောင်း အဆိုပါ တရားရုံးမှသိရသည်။
''စွပ်စွဲခံရသူ နှစ်ဦးနဲ့ ပတ်သက်ပြီး စွဲတင်လာတဲ့ အမှုက ဆက်သွယ်ရေး ဥပဒေအရ စွဲဆိုလာတာပါ။ ဒီပုဒ်မ က အာမခံပေးလို့မရတဲ့ ပုဒ်မဖြစ်နေတယ်။ တင်ပြလာတဲ့ဆေးမှတ်တမ်း အထောက်အထားတွေကလည်း ပြင်ပပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေက ဆေးမှတ်တမ်းတွေ ဖြစ်နေတဲ့အတွက် အာမခံလျှောက်ထားမှုကို ပလပ် လိုက်ခြင်းဖြစ်ပါတယ်''ဟု တာမွေမြို့ နယ် တရားသူကြီးက မြန်မာ့သတင်းစဉ်ကို ပြောကြားသည်။
ထို့အပြင် စွပ်စွဲခံရသူတို့အနေဖြင့် လတ်တလော အကျဉ်းထောင် (အချုပ်)တွင်နေစဉ် ကျန်းမာရေးကြောင့် အရေးပေါ်ကုသမှုခံယူနေရသည်ဆိုသည်နှင့် ပတ်သက်၍ အကျဉ်းထောင် ဆေးရုံမှတ်တမ်း တာဝန်ခံ၏ ထောက်ခံတင်ပြထားသည့် အထောက်အထားများကို တင်ပြနိုင်ခြင်း မရှိကြောင်း၊ ထို့အပြင် တရားလိုဘက်မှ တင်ပြထားသော သက်သေ ၁၂ ဦးကို စတင်စစ်ဆေးရခြင်း မရှိသည့် အခြေအနေဖြစ်ကြောင်း၊ အာမခံမပေးနိုင်သည့် ပုဒ်မအပြင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇ အရ အာမခံပေးရန် ခိုင်လုံသောအကြောင်း ပေါ်ပေါက်ခြင်းမရှိ၍ အာမခံလျှောက်ထားချက်အား ပလပ် လိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
အဆိုပါ အမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက တရားလို ပြုလုပ်၍ Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့အား ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၆(ဃ) ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး တာမွေမြို့နယ် ရဲစခန်းက နိုဝင်ဘာ ၂၅ ရက်တွင် မြို့နယ်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့သည်။
ယင်းအမှုကို တာမွေမြို့နယ် တရားရုံးက ရာဇဝတ်ကြီး အမှု အမှတ်-၈၁၅/၂ဝ၁၆ ဖြင့် လက်ခံ စစ်ဆေးလျက်ရှိပြီး စွပ်စွဲခံရသူ ဒေါက်တာသန်းထွဋ်အောင်၏ အကျိုးဆောင်ဖြစ်သူ တရားလွှတ်တော်ရှေ့ နေ ဦးကျော်လင်းက ၎င်း၏ အမှုသည်မှာ ကျန်းမာရေးမကောင်းကြောင်း၊ အစာအိမ်နှင့်နှလုံးသွေးကြော ကျယ်သည့် ဝေဒနာနှင့် လည်ပင်းကျီးပေါင်း၊ အစာအိမ်ရောဂါတို့ ဖြစ်ပွားနေသည့်အတွက် ဆေးကုသနေရကြောင်း၊ နှလုံးရောဂါကြောင့် အချိန်မရွေး သေဆုံးသွားနိုင်ကြောင်း၊ ထောင်ကြီးချုပ်အတွင်းမှာပင် ဆေးဝါးကုသမှုခံယူနေရကြောင်း၊ ဆေးကုသခဲ့မှု မှတ်တမ်းများကိုလည်း ရုံးတော်သို့ တင်ပြထားပြီးဖြစ်ကြောင်း၊ ထို့အပြင် ၎င်း၏ အမှုသည်မှာ ထွက်ပြေးတိမ်းရှောင်မည့်သူမဟုတ်သည့်အတွက် အာမခံပေးသင့်ကြောင်း၊ ယင်းကဲ့သို့ အမှုမျိုးကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ပြည်မြို့နှင့် လှည်းကူးမြို့နယ် တရားရုံးတို့က အာမခံပေးခဲ့သည့် သာဓကများရှိကြောင်းတို့ကို မြို့နယ်တရားသူကြီးထံတင်ပြလျှောက်ထားပြီး အားမခံပေးရန် နိုဝင်ဘာ ၂၅ ရက်က လျှောက်လဲ ချက်ပေးခဲ့ကြောင်း သိရသည်။
''ဒီနေ့ အာမခံလျှောက်တယ်။ တရားရုံးက အချက်နှစ်ချက်နဲ့ ငြင်း လိုက်တယ်။ အခုတင်ပြတဲ့ဆေးစာ တွေက ဆေးရုံကနေယူလာတာမဟုတ် လို့တဲ့။ ဒါ့အပြင် စွပ်စွဲခံရသူ ဦးသန်း ထွဋ်အောင်က နှလုံးရောဂါခံစား နေရတယ်။ လက်ရှိမှာလည်းထောင် (အချုပ်) ထဲက ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတဲ့ ဆေးမှတ်တမ်းတွေ ပါမလာတဲ့အတွက် ငြင်းပယ်လိုက်တယ်လို့ ပြောပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ဒီရုံးမှာ လိုအပ်တဲ့ သက်ဆိုင်ရာဆေးလက်မှတ်တွေကို တင်ပြပြီးတော့ ပြန်လည်ဆန်းစစ် ဖို့စီစဉ်ထားတယ်။ လိုအပ်ရင်လည်း အထက်အဆင့်မြင့်ရုံးမှာ ပြင်ဆင်မှု တက်သွားဖို့ရှိပါတယ်''ဟု အဆိုပါ အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က မီဒီယာများကို ပြောသည်။
ဆက်လက်၍ ''နောက်တစ်ချက်က တော့ ၄၉၇ နဲ့ပတ်သက်ပါတယ်။ ဘယ်အခါမှာ အာမခံပေးနိုင်သလဲ ဆိုတာြ>ွခင်းချက်တွေပေးထားတာ ရှိပါတယ်။ အဲဒီအချက်အလက်တွေ အရပဲ အာမခံပေးခဲ့တာတွေ ရှိခဲ့ပါ တယ်။ဒါပေမယ် ဒီရုံးမှာတော့ အာမခံ မပေးခဲ့ပါဘူး။ ပုဒ်မချင်း အတူတူကို တချို့တရားရုံးတွေက အာမခံပေးခဲ့ တာတွေရှိသလို ဒီရုံးက ငြင်းဆိုတဲ့ အတွက် ဥပဒေနဲ့ပတ်သက်လို့ မညီညွတ်ဘူးလို့ ယူဆပါတယ်။အဲဒါကြောင့် ဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင်သွားမှာပါ ''ဟု ကဆိုသည်။
အဆိုပါ အမှုကို ဒီဇင်ဘာ ၉ ရက် တွင် စစ်ဆေးရန် ချိန်းဆိုလိုက်ပြီး ယင်းနေ့တွင် တရားလိုပြ သက်သေများကို စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ
ဇော်ကြီး(ပဏီတ)

No comments:

Post a Comment