Thursday, December 1, 2016

နိုင်ငံတကာပွဲများအတွက် မြန်မာ ယူ -၂၂ အသင်းနှင့် ရတနာပုံအသင်း ခြေစမ်းကစား



Image may contain: 2 people , outdoor
ရန်ကုန် နိုဝင်ဘာ ၃ဝ
နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်နေသည့် မြန်မာ ယူ-၂၂အသင်းနှင့် MNL ထိပ်သီးကလပ် ရတနာပုံအသင်းသည် ယနေ့ ညနေပိုင်းက သုဝဏ္ဏလေ့ကျင့်ရေးကွင်း၌ ခြေစမ်းကစားရာ နှစ်ဂိုးစီ သရေကျခဲ့သည်။
မြန်မာယူ-၂၂ - နှစ်ဂိုး
ရတနာပုံ - နှစ်ဂိုး

ဧရာဝတီအသင်းနှင့် ခြေစမ်းပွဲတွင် သရေကျထားသည့် မြန်မာယူ - ၂၂ အသင်းသည် ရတနာပုံနှင့် ထပ်မံခြေစမ်းကစားခဲ့ရာ သရေပွဲကြုံတွေ့ ခဲ့သည်။ မြန်မာယူ -၂၂ အသင်းသည် လက်ရွေးစင် ကစားသမားများ မပါဝင်သေးသည့်အပြင် ပြင်ဆင်ဆဲကာလ ဖြစ်သောကြောင့် ပုံစံကောင်းပြသနိုင်ခြင်း မရှိသေးပေ။
မြန်မာယူ - ၂၂ အသင်းသည် ဆန်းဆက်နိုင်၊ ထိုက်ထိုက်အောင်၊ သီဟထက်အောင်၊ မောင်မောင်စိုး၊ စည်သူအောင်၊ ရှိုင်းသူရတို့ဖြင့်ပွဲထွက်ခဲ့ပြီး ရတနာပုံအသင်းမှာမူ ခေါ်ယူစမ်းသပ်နေသည့် နိုင်ငံခြားသား ကစားသမားများအပါအဝင် ပြည်တွင်းအရန်ကစားသမားများဖြင့် ယှဉ်ပြိုင်ခဲ့သည်။ ရတနာပုံအသင်းသည် ပထမဆုံးရာသီကြို ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီးခေါ်ယူစမ်းသပ်နေသည့် နိုင်ငံခြားသားကစားသမားများက ၂၂၊ ၅၂ မိနစ်တွင် ဦးဆောင်ဂိုးများ သွင်းယူခဲ့သည်။ မြန်မာယူ-၂၂ အသင်း အတွက် ချေပဂိုးများကို ၂၇ မိနစ်တွင် ရှိုင်းသူရနှင့် ၆၂ မိနစ်တွင် နန်းဝေမင်း တို့က သွင်းယူခဲ့သည်။မြန်မာယူ-၂၂ အသင်းသည် ပထမဆုံး ခြေစမ်းပွဲအဖြစ် ဧရာဝတီအသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဂိုး-တစ်ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။
သတင်း-ရှိုင်းထက်ဇော်၊ဓာတ်ပုံ-ဇေသူအောင်

No comments:

Post a Comment