Sunday, October 30, 2016

မရိုင်ယာကာရေးရဲ့ လျှို့ဝှက်အချစ်တဲ့လား



Image may contain: 2 people , shoes
နာမည်ကျော်ပေါ့ပ်အဆိုတော် မရိုင်ယာကာရေးတစ်ယောက် ဘီလျံနာသူဌေး ဂျိမ်းစ်ပါကားနဲ့ ဇာတ်လမ်းတစ်ခန်းရပ်သွားခဲ့ပြီလို့ အောက်တိုဘာ ၂၇ ရက်မှာ သတင်းတွေထွက်ပေါ်လာပြီးနောက် နှစ်ရက်အကြာမှာပဲ မရိုင်ယာ ကာရေးရဲ့ လျှို့ဝှက်ချစ်သူဆိုတာကို အီးနယူးစ်အွန်လိုင်းသတင်းက ထုတ်ဖော်ပြ လိုက်ပါတယ်။ မရိုင်ယာက ဒီလိုသတင်းတွေ ထွက်နေပေမယ့် ပါကားပေးထားတဲ့ ဒေါ်လာ ၁ဝ သန်းတန် စေ့စပ်လက်စွပ်ကို ဝတ်ဆင်ထားဆဲဖြစ်သလိုသူနဲ့ ကလေး နှစ်ယောက် နယူးယောက်ကနေ လော့စ်အိန်ဂျလိစ်မြို့ကိုသွားရတဲ့ ခရီးစရိတ်အတွက် ပါကားဆီက ဒေါ်လာသန်း ၅ဝ ရလိုကြောင်း တောင်းဆိုထားတယ်လို့ သိရပါတယ်။
မရိုင်ယာနဲ့ ပါကားတို့ အခုလို ပြတ်စဲခဲ့တာက မရိုင်ယာနဲ့ အကပညာရှင် ဘရွိုင်ယန်တာနာကာ တို့ရဲ့ ရင်းနှီးလွန်းတဲ့ ဆက်ဆံရေးကြောင့် ဖြစ်ပါတယ်။ ပါကားက ဒီကိစ္စရပ်အပေါ် သဝန်တိုလွန်းပြီး တာနာကာနဲ့ ဆက်ဆံရေးကို မဖြတ်တောက်နိုင်တဲ့ မရိုင်ယာက ပါကားကို စွန့်လွှတ်ပြီး တာနာကာကို ရွေးချယ်ခဲ့တယ်လို့ ဒီသတင်းရင်းမြစ်ကပဲ ဖော်ပြပါတယ်။
တာနာကာဟာ နာမည်ကျော် အကပညာရှင်တစ်ဦးဖြစ်ပြီး ရီဟားနား၊ အစ်ဂီအက်ဇာလီယာနဲ့ ဘီယွန်စေးတို့နဲ့လက်တွဲ အလုပ်လုပ်နေသူပါ။ ဒါပေမယ့် မရိုင်ယာနဲ့ တာနာကာတို့ဟာ ၂ဝဝ၆ ခုနှစ် လောက်ကတည်းက ရင်းနှီးနေခဲ့တာဖြစ်ပြီး အခုလိုပါကားနဲ့ အကွဲအပြဲဇာတ်လမ်း ထွက်ပေါ်နေသူ မရိုင်ယာဘေးမှာ တာနာကာတစ်ယောက် အချိန်ပြည့်နီးပါးရှိနေတာကလည်း သူတို့နှစ်ဦးကြား ဆက်ဆံရေးကို လူသိရှင်ကြားဖြစ်စေခဲ့တဲ့ အနေအထားပါ။
ဒါ့အပြင် တာနာကာ အင်စတာဂရမ်ပေါ်မှာ ရေးသားခဲ့တဲ့ စာသားတွေကြောင့် မရိုင်ယာရဲ့ ချစ်သူဟာ တာနာကာဆိုတာကို ပိုပြီး ရုပ်လုံြး<ွကသွားစေခဲ့ပါတယ်။ အသက်(၄၆)နှစ်ရှိပြီဖြစ်တဲ့ မရိုင်ယာမှာ အမြွှာကလေးနှစ်ဦးရှိပြီး ဒီကလေး နှစ်ဦးနဲ့ မရိုင်ယာတို့ Halloween Day အထိမ်းအမှတ်ပွဲကို တက်ရောက် လာချိန်မှာ တာနာကာ ယှဉ်တွဲပါလာတာကို တွေ့ကြရပါတယ်။ သူတို့နှစ်ဦး ချစ်ကြိုက်နေတဲ့ သတင်းကို ကာယကံရှင်တွေက ဝန်ခံခြင်းမရှိကြပေမယ့် မရိုင်ယာနဲ့ ပါကားတို့တရားဝင် ပြတ်စဲပြီးရင် တာနာကာဘက်က ဒီကိစ္စရပ်ကို စတင်ဝန်ခံလိမ့်မယ်လို့ မှန်းဆချက်တွေ ထွက်ပေါ်နေပါတယ်။
မေလဲ့သင်း

No comments:

Post a Comment