Monday, August 1, 2016

တူရကီနိုင်ငံ၌ ထောက်လှမ်းရေးအဖွဲ့ကိုထိန်းချုပ်ရန် သမ္မတအာဒိုဂန်ကြိုးပမ်း


 
 
 
အန်ကာရာ ဇူလိုင် ၃၁

တူရကီသမ္မတအာဒိုဂန်သည် နိုင်ငံအတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့သင်တန်းကျောင်းကို ပိတ်ပစ်လိုကြောင်း၊ ထောက်လှမ်းရေးအေဂျင်စီမှဝန်ထမ်းများ၊ တူရကီတပ်ဖွဲ့ အရာရှိကြီးများနှင့် ဝန်ထမ်းများကို ၄င်း၏လက်အောက်တွင်သာ ထားရှိလိုကြောင်း ပြောခဲ့သည်။

ပါလီမန်မစတင်မီယင်းအဆိုပြုချက်ကို အကောင်အထည်ဖော်ဆောင်ရွက်မည် ဟုလည်း ၄င်းကပြောသည်။ ဇူလိုင် ၁၅ ရက်က တူရကီ၌ အာဏာသိမ်းမှုမအောင်မြင်ဖြစ် ပြီးနောက် အာဏာသိမ်းမှုတွင် ပါဝင်ခဲ့သူများကို ပြင်းထန်စွာအရေးယူမှုပြုလုပ်ခဲ့ရာ ယခုအဆိုပြုချက်မှာ အပြင်းထန်ဆုံးပင်ဖြစ်သည်။ မအောင်မြင်သည့် အာဏာသိမ်းမှု နောက်ကွယ်တွင် ဖက်တူလာဂူလန်က အဓိကကြိုးကိုင်သူဖြစ်ကြောင်း အာဏာပိုင် များက ပြောသည်။

ဖက်တူလာဂူလန်ကမူ ယင်းသို့စွပ်စွဲခြင်းကို ငြင်းဆိုသည်။
အတည်ပြုချက်ရခဲ့ပါက အမျိုးသားထောက်လှမ်းရေးအဖွဲ့အစည်းမှ ဝန်ထမ်း များကို သမ္မတ၏ထိန်းချုပ်မှုအောက်တွင် ထားရှိမည်ဖြစ်ကြောင်း သမ္မတအာဒိုဂန်က တူရကီရုပ်သံလိုင်းသို့ စနေနေ့တွင် ပြောခဲ့သည်။

တပ်ဖွဲ့ဝင်များအတွက် သင်တန်း ကျောင်းများကို ပိတ်ပစ်မည်ဖြစ်ပြီး အမျိုးသားကာကွယ်ရေးတက္ကသိုလ်ကို တည်ထောင် မည်ဟုလည်း ၄င်းကပြောသည်။ ရဲတပ်ဖွဲ့ဝင်အင်အားကိုလည်း လျှော့ချမည်ဖြစ်ပြီး လက်နက်တပ်ဆင်မှုကိုမူ တိုးမြှင့်မည်ဟု ၄င်းကပြောခဲ့သည်။ သမ္မတအာဒိုဂန်၏ အဆိုပြုချက်များအားလုံးကို အကောင်အထည်ဖော်နိုင်ရေး ထောက်ခံမှုသုံးပုံ နှစ်ပုံလိုအပ်သည်။
(ဘီဘီစီ)






No comments:

Post a Comment