Tuesday, August 2, 2016

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် (၁၇)ကြိမ်မြောက်နှစ်ပတ်လည် စည်းဝေး



The Mirror Daily's photo.


ရန်ကုန် သြဂုတ် ၁

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ (၁၇)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး ကြို့ကုန်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် သီရိအဏ္ဏဝါ ခန်းမ၌ ဇူလိုင် ၃၁ ရက် နံနက် ၉ နာရီက ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး Dr. ထွန်းဝင်းက အမှာစကားပြောကြားသည်။

ထို့နောက် UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်၊ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဌေးမြင့်တို့က အမှာစကားပြောကြားကြပြီး အသင်းအတွင်းရေးမှူး ဦးဝင်းကြိုင်က အသင်း၏ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်း ပြင်ဆင်ဖြည့်စွက် ချက်များ၊ အတည်ပြုချက်ရယူခြင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ၂ဝ၁၅ နှစ်ပတ်လည် အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းများအား ဖတ်ကြားတင်ပြ၍ အတည်ပြုချက်ရယူခဲ့သည်။

ဆက်လက်၍ အသင်းတာဝန်ရှိသူများက အသင်းသူအသင်းသားများ၏ သားသမီးများအား ပညာရည်ချွန်ဆု များ ပေးအပ်ချီးမြှင့်ခြင်း၊ ၂ဝ၁၅ ခုနှစ် အတွင်း နိုင်ငံတော်သမ္မတ၏ နိုင်ငံ့ စွမ်းဆောင်ရည်ဆုနှင့် ဂုဏ်ထူးဆောင် လက်မှတ်ရရှိခဲ့ကြသော မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဦးဆောင်မှုအောက်ရှိ လုပ်ငန်းဆိုင်ရာအသင်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်များမှ အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းတင် ဆုပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။

ယင်းနောက် အသင်း၏ တိုင်းဒေသကြီး၊ ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ်များမှ ငါးလုပ်ငန်းနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးရှင်းလင်းဖြေကြားပြီး မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင်ဦးဌေးမြင့်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
(သန်းဦးလှိုင်)

No comments:

Post a Comment