Saturday, July 30, 2016

နေပြည်တော်မြို့မဈေးကြီး ရက် ၁ဝဝ စီမံချက်အတွင်း စည်းကမ်းတကျ ဆောင်ရွက်ထားမှုအား တစေ့တစောင်း လေ့လာတင်ပြခြင်း


The Mirror Daily's photo.
နေပြည်တော်စည်ပင်သာယာရေးကော်မတီသည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ရာ နေပြည်တော်နေ လုပ်သားပြည်သူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအပြင် နေပြည်တော်သို့ နိုင်ငံတစ်ဝန်းလုံးမှ အကြောင်းအမျိုးမျိုးကြောင့် လာရောက်ကြသော လုပ်သားပြည်သူများ၊ ပြည်တွင်းသို့ လာရောက် လည်
ပတ်ကြသော နိုင်ငံခြားသားများ လိုအပ်သော စားသောက်ကုန်နှင့် အခြားအသုံးအဆောင်ပစ္စည်းများကို လွယ်လင့်တကူ ဝယ်ယူနိုင်ရေးအတွက် နေပြည်တော်
မြို့မဈေးကြီးကို နိုင်ငံတော်၏ ရက် ၁ဝဝ စီမံချက်ကာလအတွင်း မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်အောင် သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပ၊ စိမ်းလန်း၊ စိုပြည်ရေး၊
ကျန်းမာရေးနှင့် ညီညွတ်ပြည့်စုံမှုရှိသော ဈေးကြီးတစ်ဈေးအဖြစ် ယခင်ကနှင့်မတူ တိုးတက်ပြောင်းလဲအောင် ဆောင်ရွက်ထားရှိမှုများကို စီမံအုပ်ချုပ်ကြီးကြပ် လျက်ရှိသော နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်(၃) ဦးမျိုးတင့်၊ ဌာနကြီးမှူး ဦးမင်းမင်းဇော်၊ ဈေးများဌာန၊ ဌာနမှူး ဦးမင်းလွင်စိုးတို့နှင့် သွားရောက်တွေ့ဆုံမေးမြန်းမှုများကို ပြည်သူအများသိရှိနိုင်ရန် တင်ပြလိုက်ပါရသည်။
ဇော်မင်းအောင်(၁ဝ၇)
နေပြည်တော်မြို့မဈေးကြီးသည် နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့ ဇေယျသိဒ္ဓိ ရပ်ကွက် ဝန်ထမ်းအိမ်ရာအများစုတည်ရှိရာ၏ အလယ်ဗဟိုတွင်တည်ရှိပြီး ဧရိယာ ၁ဝ၁ ဒသမ ၂၂ ဧကကျယ်ဝန်းကာ ၄-၅-၂ဝဝ၆ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၄င်းဈေးကြီးသည် နေပြည်တော်ကို ဗဟိုပြု၍ မြန်မာနိုင်ငံအရပ်ရပ်သို့ ပြေးဆွဲလျက်ရှိသော ခရီးသည်တင် မော်တော်ယာဉ်လိုင်း ၆၃ လိုင်းအတွက် ဂိတ် ၄ဝ ကိုလည်း ဖွင့်လှစ်ထားပါသည်။ ယခုအခါ နေပြည်တော်မြို့မဈေးကြီးမှာ ယခင်ကနှင့်မတူ သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပ၊ စိမ်းလန်း၊ စိုပြည်အောင် ဆောင်ရွက်လျက်ရှိသည့်အပြင် ရေစီးရေလာကောင်းမွန်ရန် ရေနုတ်မြောင်းများ ပြန်လည်တူးဖော် ဆယ်ယူခြင်း၊ ကုန်ပစ္စည်းအမျိုးအစားအလိုက် ရောင်းချစေခြင်း၊ ဆိုးဆေး ကင်းလွတ်သော ကုန်ပစ္စည်းများ ရောင်းချရန် စစ်ဆေးကြပ်မတ်ခြင်း၊ ကျန်းမာ ရေးနှင့်အညီ သန့်ရှင်းလတ်ဆတ်သော ကုန်ပစ္စည်းများကိုသာ ရောင်းချစေခြင်း၊ အလေးချိန်ခွင် မှန်ကန်အောင် ရှောင်တခင်စစ်ဆေးခြင်း၊ ဈေးဝယ်လူသွားလမ်းပေါ်တွင် ပိတ်ဆို့ခင်းကျင်းရောင်းချမှုများအား ရှင်းလင်းဖယ်ရှားခြင်း၊ အများပြည်သူသုံး သန့်စင်ခန်းများတွင် အနံ့အသက်နှင့်
ဘက်တီးရီးယားပိုးများ ကင်းရှင်းအောင် ဆေးဖြန်းခြင်း၊ သန့်ရှင်းရေး ပစ္စည်းများ အလုံအလောက်ထားရှိခြင်း၊ သုံးရေလုံလောက်အောင်စီမံပေးထားခြင်း၊ အမှိုက်သရိုက်များကို စနစ်တကျ စွန့်ပစ်နိုင်အောင် အမှိုက်ပုံးများအား လုံလောက်စွာထားရှိပေးခြင်းအပါအဝင် စည်ပင်သာယာရေးလုပ်ငန်းရပ်များကို စီမံကြီးကြပ်ဆောင်ရွက်နေသည့် နေပြည်တော်စည်ပင်သာယာ ရေးကော်မတီနှင့် ဈေးရောင်းသူ၊ ဈေးဝယ်သူသုံးဦးအကြား စည်းကမ်း တကျရှိစေအောင် ချိန်ညှိဆောင်ရွက်နိုင်မှု၏ အကျိုးဆက်အဖြစ် စည်းကမ်း တကျတွေ့မြင်လာရပြီဖြစ်သော နေပြည်တော် မြို့မဈေးကြီး၏ အခြေအနေနှင့်ပတ်သက်ပြီး စီမံအုပ်ချုပ်ကြီးကြပ်လျက်ရှိသော နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်(၃) ဦးမျိုးတင့်အား သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ရာတွင်-
ကော်မတီဝင်အဖြစ် ဘယ်အချိန်မှစ၍ တာဝန်ထမ်းဆောင်ခဲ့ပါသလဲ။
ယခင်ကနှင့်မတူ တိုးတက်ပြောင်းလဲအောင် ဘယ်လိုလမ်းညွှန် ဆောင်ရွက် ခဲ့ပါသလဲခင်ဗျား။ကျွန်တော့ အနေနဲ့ ၅-၅-၂ဝ၁၆ နေ့က တာဝန်ယူခဲ့ပြီး ဌာနခုနစ်ခုကို တာဝန်ယူခဲ့ပါတယ်။ ကျွန်တော်တာဝန်ယူရတဲ့ ဌာနခုနစ်ခုမှာ ဈေးများဌာန ပါတဲ့အတွက် ပြည်သူလူထု အလွှာပေါင်းစုံ ကျင်လည်ကျက်စားတဲ့ ဈေးများ ဌာနကို ယခင်ကနဲ့မတူ ပြုပြင်ပြောင်းလဲရန်၊ စနစ်တကျရှိရန် မြို့တော်ဝန်ကို တင်ပြပြီး အနီးကပ်စီမံခန့်ခွဲ ကြီးကြပ်ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီလိုဆောင်ရွက်ရတဲ့အခါမှာ ဘယ်လိုအခက်အခဲများ တွေ့ကြုံခဲ့ရပါ သလဲ။
လူတန်းစားအလွှာပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံရတဲ့အခါ စရိုက်အမျိုးမျိုး တွေ့ရပြီး တချို့ ဥပဒေစည်းကမ်းများ မသိတဲ့သူရှိသလို ဥပဒေစည်းကမ်း များကိုသိရှိပြီး မလိုက်နာဘဲ မထီမဲ့မြင် ပြုတဲ့သူများကိုလည်း တွေ့ရပါတယ်။ ဥပဒေများကိုသိရှိပြီး မလိုက်နာတဲ့ ဈေးသူ၊ ဈေးသားများကို ပြောဆို စည်းရုံးပြီးဆောင်ရွက်ခဲ့ရပါတယ်။
အဲဒီလိုဆောင်ရွက်ခဲ့လို့ တိုးတက်ပြောင်းလဲလာမှုများကို သိပါရစေ။
ဈေးသည်တွေ ကုန်ပစ္စည်းအမျိုးအစားအလိုက် စနစ်တကျရောင်းဝယ် ဖောက်ကားနေတာ လူသွားစင်္ကြံပေါ်မှာ ယခင်က သွားလာလို့မရအောင် ရောင်းဝယ်ဖောက်ကားနေတာ သတ်မှတ်နေရာ မဟုတ်ဘဲ ကျူးကျော်ဈေး ရောင်းနေတာတွေကို စည်းရုံးရေးနည်းအသုံးပြုပြီး ဖယ်ရှားရှင်းလင်းခဲ့ပါ တယ်။ ဒါ့အပြင် အမှိုက်သရိုက်များ၊ ရေဆိုး၊ ရေညစ်၊ ရေပုတ်ပိတ်ဆို့နေမှုများကို ရှင်းလင်းပြီး ရေနုတ်မြောင်းများ ပြန်လည်တူးဖော်စေခဲ့ပါတယ်။ ရောင်းချ သော ကုန်ပစ္စည်းများကိုလည်း ဓာတုဆေးဝါးများ ကင်းလွတ်၍ သန့်ရှင်းလတ် ဆတ်သော ကုန်ပစ္စည်းများကိုသာရောင်းချရန် တာဝန်ရှိသူများမှ မကြာခဏ ရှောင်တခင်စစ်ဆေးရန် ညွှန်ကြားမှုပြုခဲ့ပါတယ်။
အဲဒီလို ရက် ၁ဝဝ အတွင်း ပြုပြင်ဆောင်ရွက်မှုကြောင့် တိုးတက်ပြောင်းလဲ လာမှုကို ရေရှည်တည်တံ့အောင် ဘယ်လိုထိန်းသိမ်းသွားမှာ ပါလဲခင်ဗျား။
နေပြည်တော်မြို့မဈေးကြီးရဲ့ တိုးတက်ပြောင်းလဲမှုများကို ရေရှည်တည်
တံ့အောင်ထိန်းသိမ်းဖို့အတွက် တာဝန်ရှိသူဝန်ထမ်းအားလုံး ညွှန်ကြားချက် များကို တိကျစွာလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ဈေးအကျိုး
ဆောင်အဖွဲ့ဝင်နှင့် ဈေးသည်များကို ပူးပေါင်းပါဝင်လုပ်ဆောင်ကြရန် အကြံပြု
ချက်များ၊ ပြုပြင်ရန် အချက်အလက်များကို တင်ပြကြရန်နှင့် စည်းကမ်းတကျ ယခုအတိုင်း ဆက်လက်ထိန်းသိမ်း လိုက်နာသွားရန် အဓိကထား မှာကြား ခဲ့ပါတယ်။
ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျား။
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဌာနကြီးမှူး ဦးမင်းမင်းဇော် ကို ဆက်လက် မေးမြန်းခဲ့ရာတွင်-
ဌာနကြီးမှူးခင်ဗျား ဈေးကြီးအခုလို တိုးတက်ပြောင်းလဲလာအောင် ဆောင်ရွက်မှုများကို သိပါရစေ။
မြို့မဈေးကြီး စတင်ဖွင့်လှစ်စဉ်အခြေအနေနဲ့ ယခုအခြေအနေ စည်ကားမှု အပိုင်းမှာမတူတော့တဲ့အတွက် ဈေးစည်ကားလာတာနဲ့အမျှ တွေ့ကြုံလာရတဲ့ ပြဿနာကြီးငယ်တွေကို ကျွန်တော့်အနေနဲ့ နေပြည်တော်စည်ပင်သာယာရေး
ကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးလိုအပြင် ဈေးလာဝယ်သူ တစ်ဦးလို၊ ဈေး
ရောင်းသူတစ်ဦးလိုခံစားပြီး ပြုပြင်စရာတွေ့လာရတာတွေကို ကော်မတီကို
တင်ပြ၊ ကော်မတီရဲ့ လမ်းညွှန်မှုနဲ့အညီ ဈေးကြီးပိုမိုသပ်ရပ်၊ သန့်ရှင်း
ပြီး ဈေးသည်၊ ဈေးဝယ်နှစ်ဖက် စိတ်ချမ်းသာမှုရအောင် ကိုယ့်ဝန်ထမ်းတွေရဲ့ တာဝန်ထမ်းဆောင်မှု အပိုင်းကအစ ဈေးသည်နဲ့ ဈေးဝယ်တွေ ဈေးစည်းကမ်း
ဘောင်အတွင်းမှာရှိနေအောင် ဝန်ထမ်းအင်အား ဖြည့်တင်းပေးတာ၊ တာဝန်
ထမ်းဆောင်မှုအပိုင်း တိုးတက်မြင့်မားလာအောင် လေ့ကျင့်သင်ကြားပေး တာတွေ၊ အဘက်ဘက်က စည်းကမ်းတကျဖြစ်လာအောင် ကြီးကြပ်တဲ့ ဝန်ထမ်းများအပြင် ရုပ်ဝတ္ထုအထောက်အကူပစ္စည်းများဖြင့် ပြုပြင်တည့် မတ်ပေးရတာတွေကို ဈေးအကျိုးဆောင်အဖွဲ့နဲ့တိုင်ပင်ပြီး ဆောင်ရွက်ခဲ့ တာပဲဖြစ်ပါတယ်။
အဲဒီတော့ အခုလိုတိုးတက်ပြောင်းလဲအောင် နောက်ထပ်ဘာတွေများ ဆောင်ရွက်ဖို့ရှိပါသလဲ။
နေပြည်တော်မြို့မဈေးကြီးမှာ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုအပိုင်း၊ သန့်ရှင်းရေး
နှင့် စည်းကမ်းထိန်းသိမ်းမှုအပိုင်း၊ မီးဘေးကာကွယ်ရေးနှင့် လုံခြုံရေးအပိုင်း
တို့ကို ယခုထက် ပိုမိုစွမ်းဆောင်ရည်မြင့်မားလာအောင် ဆက်လက်ဆောင်ရွက်
သွားမှာပါ၊ ဈေးသန့်ရှင်းမှုအတွက် အဓိကကျတဲ့ အခြေခံအဆောက်အအုံစနစ် တွေကိုလည်း ပြန်လည်သုံးသပ်ပြီး လိုအပ်သလို ပြုပြင်သွားရန် ကော်မတီက
လမ်းညွှန်ထားပြီးဖြစ်ပါတယ်။ ပွင့်လင်းရာသီမှာ စတင်အကောင်အထည် ဖော်ဖို့ရှိပါတယ်။
နေပြည်တော်မြို့မဈေးကြီးမှ ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းဂိတ်တွေ မြို့တွင်း အနီးအဝေးယာဉ်ငယ်လိုင်းတွေ ဆောင်ရွက်ထားတာတွေ့ရပါ
တယ်။ နောက်ထပ် ဘာတွေများဆောင်ရွက်ဖို့ ရှိပါလဲ။
ဈေးကြီးစတင်ဖွင့်ကာစအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင် အချိန်ကာလကြာ
မြင့်လာတာနဲ့အမျှ ပြင်ဆင်ထိန်းသိမ်းရမယ့်လုပ်ငန်းတွေ ပိုမိုများပြားလာတဲ့
အတွက် ခေတ်ကာလနဲ့လျော်ညီအောင်၊ မြို့တော်ဂုဏ်ဒြပ်နဲ့လည်း လျော်ညီ
အောင် ကော်မတီက အများပြည်သူအကျိုးအတွက် အဘက်ဘက်က သုံး သပ်ပြီး ဖြည့်ဆည်းပေးသွားမှာပါ။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျား။
ဆက်လက်၍ ဈေးများဌာန၊ ဌာနမှူး ဦးမင်းလွင်စိုးကို ဆက်လက်မေး မြန်းခဲ့ရာ-
ဌာနမှူးခင်ဗျား နေပြည်တော်မြို့မဈေးကြီးတွင် ဆိုင်ခန်းအရေအတွက်၊ လျှပ်စစ်မီးဖြန့်ဝေသုံးစွဲမှုနှင့် ရေရှိရေး ဆောင်ရွက်ထားမှု အခြေအနေကို သိပါရစေ။
နေပြည်တော်မြို့မဈေးကြီး၏ အကျယ်အဝန်းမှာ ဧက ၁ဝ၁ ဒသမ ၂၂
ဧကရှိပြီး RC အတွင်း၊ အပြင် ဆိုင်ခန်း ၂၅၉ ခန်းနှင့် အတွင်းရုံ ၇၂ ခန်းပါ
လေးရုံ၊ ဆိုင်ခန်း ၂၈၈ ခန်း၊ ပွဲရုံ ၂၆၁ ရုံ၊ ကားဝပ်ရှော့နှင့် ရေဆေးခုံ ၃၉
ခန်း၊ ကုန်စိမ်း ဆိုင်ခန်း ၄၅၆ ခန်း၊ သားငါးဆိုင်ခန်း ၈ဝ၊ Wet Market ၂၄ဝ၊ တောင်ပေါ်စားသောက်ဆိုင်ခန်း ၂၄ ခန်း၊ အရှေ့ဘက်ကားဝင်း စားသောက်ဆိုင် ၂ဝ၊ အဝေးပြေးနှင့် မြို့တွင်းကားဂိတ် ၄ဝ၊ မော်တော်ယာဉ်လိုင်း ၆၃ လိုင်း စုစုပေါင်း ၁၇ဝ၇ ခန်း နှင့် ဖွဲ့စည်းတည် ဆောက်ထားပါတယ်။ အဲဒီဈေးကြီးအတွင်း ဆိုင်ခန်းများ ရေလုံလောက်စွာ သုံးစွဲနိုင်ရေးအတွက် ပိတောက်အိမ်ရာ ရေစုကန်မှ နေပြည်တော် မြို့မ ဈေးရေစုကန်သို့ ဂါလန် ၄၃၅ဝဝ နေ့စဉ်ရေပေးဝေလျက်ရှိပြီး ဈေးမြောက် ဘက်တွင် ဂါလန် ၃၁၅ဝဝ ဆံ့ ရေစုကန်တစ်ကန်၊ ဂါလန် ၂၄ဝဝဝ ဆံ့ ရေစုကန်တစ်ကန်၊ တောင်ဘက်တွင် ဂါလန် ၁၅၄ဝဝ ဆံ့ တစ်ကန်နှင့် နေ့စဉ် နံနက် ၉ နာရီမှ ၁ဝ နာရီထိ အရှေ့ဘက် ကားဂိတ်ခန်းများအား ဂါလန် ၁၂ဝဝဝ၊ နံနက် ၁၁ နာရီမှ ၁၂ နာရီထိ တောင်ပေါ် စားသောက်ဆိုင် ခန်းများအား ဂါလန် ၁၄၅ဝဝ နေ့စဉ် ရေပေးဝေပြီး ပွဲရုံတန်းဆိုင်ခန်းများ၊ ယာဉ်ပြင်အလုပ်ရုံ ဆိုင်ခန်းများအား ပညာသိဒ္ဓိရပ်ကွက်ရှိ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ရေစုကန်မှ စုစုပေါင်း ရေဂါလန် ၁၃၈၉ဝဝ ဖြင့် နေ့စဉ်ရေပေးဝေရေး ဆောင်ရွက် ပေးပါတယ်။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းများကို ၅ဝဝ KVA ထရမ်စဖော်မာ(၂)လုံးဖြင့် ဆောင်ရွက်ပေးထားပါတယ်။ နေ့ကြီး ရက်ကြီး အခါကြီးနေ့များမှာလည်း နေပြည်တော် မြို့မဈေးကြီးတွင် ရောင်စုံလျှပ်စစ်မီးများ ထွန်းညှိထားပြီး လှပစွာ ဆောင်ရွက်ထားပါတယ်။
နေပြည်တော်မြို့မဈေးကြီး မြို့တော်အင်္ဂါရပ်နှင့်အညီ ပြောင်း လဲတိုးတက်လာအောင် ဘယ်လိုများ ဆောင်ရွက်ခဲ့ပါသလဲ။
ကျွန်တော်အနေနဲ့ ကော်မတီဝင်နှင့် ဌာနကြီးမှူးတို့ရဲ့ လမ်းညွှန်မှုကိုခံယူပြီး မိမိတာဝန်ယူစဉ်မှာ နေပြည်တော်မြို့မဈေးကြီးဟာ သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊လှပ၊ စိမ်းလန်း၊ စိုပြည်စေ ရမယ်ဆိုတဲ့ နေပြည်တော်စည်ပင်ရဲ့မူဝါဒနဲ့အညီ ဝန်ထမ်းများကို အနီးကပ်ကြီးကြပ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။
သန့်ရှင်းရေးအတွက် ရေစီးရေလာ ကောင်းမွန်အောင် တစ်ဈေးလုံးရှိ ရေနုတ်မြောင်းများ ပြန်လည်တူးဖော်ခြင်း၊ အမှိုက်သရိုက်များ စနစ်တကျ စွန့်ပစ်စေခြင်း၊ သုံးရေများ အလုံအလောက် ပေးဝေနိုင်အောင် ဆောင်ရွက်ခြင်း၊ အများသုံး သန့်စင်ခန်းများ အစဉ်အမြဲသန့်ရှင်း သပ်ရပ်မှုရှိစေရေး၊ ရေဆိုးထုတ်မြောင်းများ ရေစီးရေလာ ကောင်း မွန်စေရေး၊ သား၊ ငါးရုံများအား ရေဆေးခြင်း၊ ဆေးဖျန်းခြင်း အနံ့အသက်ဆိုးများမရှိစေရန် ဆောင်ရွက်ခြင်းတို့ကိုလည်း ဝန်ထမ်းများ
အား နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ ဆောင်ရွက်ပေးပါတယ်။ ဈေးသည်များ မိမိဆိုင်ခန်းအတွင်း ကုန်ပစ္စည်း အမျိုးအစားအလိုက် စနစ်တကျ ရောင်းချစေခြင်း၊ ဓာတုဆေးဝါးများ ကင်းလွတ်၍ သန်ရှင်းလတ်ဆတ် သော ကုန်ပစ္စည်းများကိုသာ ခင်းကျင်းရောင်းချစေရန် ကြပ်မတ် ဆောင်ရွက်လျက် ရှိပါတယ်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထား ရှိမှုအခြေအနေကို သိပါရစေ။
မီးဘေးကာကွယ်ရေးနှင့်ပတ်သက်၍ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးသတ်နည်း သရုပ်ပြခြင်း၊ လျှပ်စစ်သုံးစွဲမှု ခံနိုင်ဝန်အားနှင့်ညီမညီ စက်မှုဝန်ကြီးဌာနမှ လျှပ်စစ်စစ်ဆေးရေးအဖွဲ့များဖြင့် ခြောက်လ တစ်ကြိမ်စစ်ဆေးခြင်း၊ ဆိုင်ခန်းများ စင်္ကြံလျှောက်လမ်းတွင် မီးသတ်ဆေးဘူးများ အရံသင့်ထားရှိစေခြင်း၊ လုံခြုံရေးမီး၊ ဆိုင်ခန်း မီးများ ခွဲခြားထားပြီး စနစ်တကျ အဖွင့်၊အပိတ် ပြုလုပ်ခြင်း၊ မီးသတ်
ငုတ်များ အရံသင့်ရေရရှိအောင် ဆောင်ရွက်ပေးထားခြင်း၊ အပေါ့စား ရေစုတ်စက်များ အရံသင့်ထားရှိပေးထားခြင်း၊ မီးသတိပြုရေး တေးသီချင်းများ ဖွင့်လှစ်နိုင်စေရန် အသံချဲ့စက်များ စီစဉ်ပေးထားပြီးဖြစ် သည့်အပြင် ဈေးပိတ်ချိန်များတွင် လုံခြုံရေးဝန်ထမ်းများဖြင့် နေ့စဉ်စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိပါတယ်။
ဈေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေကို သိပါရစေ။
နေပြည်တော်မြို့မဈေးအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက် ပပျောက်အောင် ဈေးမှ နေ့စည်းကမ်းထိန်းသိမ်းရေးဝန်ထမ်းများ၊ ညလုံခြုံရေးဝန်ထမ်းများဖြင့် အမြဲမပြတ်စောင့်ကြပ်ပေးသည့်အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှလည်း နေ့၊ ညလှည့်ကင်းများ နေ့စဉ်ဆောင်ရွက်ပေးထားခြင်း၊ CCTV Camera ကိုးလုံးတပ်ဆင်ထားပြီး ဈေးလုံခြုံရေးအတွက် ဆောင်ရွက်ပေးထားခြင်း၊ ကျူးကျော်ဈေးသည်များအား ရှင်းလင်း၍ ဈေးဝယ်များ စိတ်ချမ်းမြေ့စွာ သွားလာဝယ်ယူနိုင်စေရန်အတွက် လမ်းပေါ်တွင် ပိတ်ဆို့ခင်းကျင်းထားသည့် ကုန်ပစ္စည်းများကို ဖယ်ရှားရှင်းလင်းခြင်း စတဲ့လုပ်ငန်းများကို ကိုယ်တိုင်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ဌာနမှူးအနေနဲ့ နောက်ထပ်ဘာများပြောချင်ပါသေးလဲခင်ဗျား။
နေပြည်တော်မြို့မဈေးသည် နေပြည်တော်အတွက် ''ပြယုဂ်'' တစ်ခုဖြစ်ပြီး နေ့၊ ညမပြတ် စည်ကားနေသည့် ဈေးကြီးတစ်ဈေးဖြစ်ပါတယ်။ ဒီဈေးအမြဲမပြတ် စည်းကမ်းတကျ စည်ကားရေးနှင့် သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပ၊ စိမ်းလန်း၊ စိုပြည်နေသည့် ဈေးကြီး တစ်ဈေးဖြစ်အောင် အစဉ်တစိုက် ဆောင်ရွက်သွားပါ့မယ်လို့ ပြောကြားလိုပါတယ်။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျား။
ဆက်လက်၍ ဈေးရောင်းချသူ ဒေါ်ခင်မိုးဝါ ''ရွှေမဟာ'' စတိုး ဆိုင်အား ဆက်လက် မေးမြန်းခဲ့ရာ-နေပြည်တော်မြို့မဈေးမှာ ဈေးရောင်းချတာ ဘယ်လောက်ကြာ ပြီလဲ။
ခုနစ်နှစ်ခန့်ရှိပြီ ဖြစ်ပါတယ်။
ယခင်ဈေးရောင်းရတာနဲ့ ယခုဈေးရောင်းရတာ အခြေအနေ ဘယ်လိုကွာခြားလာပါသလဲ။ ဈေးရောင်းအားအခြေအနေ ဘယ်လိုရှိပါသလဲ။
ယခင်က ဈေးရောင်းချသူတွေမှ ကုန်ပစ္စည်းများ အပြိုင်ပိတ်ဆို့ ရောင်းချတဲ့အတွက် ဈေးဝယ်များ သွားလာရ ခက်ခဲခြင်းကြောင့် အရောင်းအဝယ်ပါးပြီး ယခုအခါ ပိတ်ဆို့ခင်းကျင်းထားမှုတွေ ရှင်းလင်း လိုက်တဲ့အတွက် ဈေးဝယ်များ ပိုမိုဝင်ရောက်လာပြီး ရောင်းအားတက် လာပါတယ်။
ယခုလို ဈေးရောင်းချသော ကုန်ပစ္စည်းများ ပိတ်ဆို့ထားမှုကို ရှင်းလင်းတဲ့အတွက် ရောင်းချသူ အနေဖြင့် အခက်အခဲများရှိပါ သလား။
မရှိပါ။ ယခုလိုရှင်းလင်းပေးတဲ့အတွက် ယခင်ထက်စာရင် ပိုမိုအဆင်ပြေလာလို့ ကျေးဇူးတင်မိပါတယ်။
ဆက်လက်၍ ဈေးဝယ်လာသူ ဒေါ်ခင်ဖြူသွယ်အား မေးမြန်းခဲ့ရာ-
ဘယ်နေရာမှ ဈေးလာဝယ်ပါသလဲ ခင်ဗျား။
ရွှေနံ့သာရပ်ကွက် ဥတ္တရသီရိမြို့နယ်မှ လာရောက်ဝယ်ယူခြင်းဖြစ် ပါတယ်။
ယခင်ကရော နေပြည်တော်မြို့မဈေးကို ဈေးဝယ်လာဖူးပါသလား ခင်ဗျား။
တစ်ပတ်ကို နှစ်ကြိမ်လောက် အမြဲတမ်းလာရောက်ဝယ်ယူပါတယ်။
ယခင်က ဈေးဝယ်လာတဲ့အခြေအနေနဲ့ ယခုဈေးဝယ်လာတဲ့ အခြေအနေ ဘာများကွာခြားလာတာကို တွေ့ရှိရပါသလဲ။
ယခင်က ဈေးလာဝယ်တဲ့အခါမှာ ဈေးရောင်းချသူတွေရဲ့ ကုန် ပစ္စည်းတွေ စည်းကမ်းမဲ့ခင်းကျင်းထားလို့ လူသွားလမ်းပေါ် ပြည့်နှက်နေသည့်အတွက် ဈေးဝယ်ရာမှာ သွားရေးလာရေး အခက်အခဲဖြစ် ပါတယ်။ ယခုဈေးဝယ်လာတဲ့အချိန်မှာ ဈေးရောင်းချသူများ စည်း ကမ်းတကျ ရောင်းချနေတာတွေ့ရှိရတဲ့အတွက် အလွန်ပဲစိတ်ချမ်းသာဖို့ကောင်းပါတယ်၊ သွားရေးလာရေး ပိုမိုအဆင်ပြေလာပါတယ်၊ ယခုလိုဆောင်ရွက်ပေးတဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်များကိုလည်း ကျေးဇူး တင်ပါတယ်။
အခုလို နိုင်ငံတော်၏ မူဝါဒ ရက် ၁ဝဝ စီမံချက်အတွင်း ယခင်နဲ့မတူ
ခေတ်မီဖွံ့ဖြိုး ပြောင်းလဲတိုးတက်လာသော နေပြည်တော်မြို့မဈေး
ကြီးမှာ နိုင်ငံတော်အစိုးရသစ်ကြီး ''ပြယုဂ်'' တစ်ခုမဟုတ်ပါလား ခင်ဗျား။

No comments:

Post a Comment