Sunday, July 31, 2016

ဧရာဝတီမြစ်ရေတိုး၍ ထီးချိုင့်မြို့တွင် လမ်းရေကျော် မြန်မာနိုင်ငံမြောက်ဖျားတက်မည့် ကုန်တင်ယာဉ်များ ရပ်တန့်စောင့်ဆိုင်း




The Mirror Daily's photo.


ထီးချိုင့် ဇူလိုင် ၃ဝ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဧရာဝတီတံတား(ထီးချိုင့်)တံတား ချဉ်းကပ်လမ်း ထီးချိုင့်ဘက်အပိုင်းတွင် လမ်းရေကျော်လျက်ရှိရာ အဝေးပြေးယာဉ်များ ဖြတ်သန်းနိုင်ရေး ဇူလိုင် ၃ဝ ရက်က စောင့်ဆိုင်းနေရကြောင်း သိရသည်။

''ထီးချိုင့်တံတားချဉ်းကပ်လမ်းမှာ ဇူလိုင် ၂၆ ရက်ကစပြီး သုံးပေခွဲခန့် ရေကျော်နေလို့ မြို့နယ်မှ တာဝန်ရှိသူတွေနဲ့ ဆောက်လုပ်ရေးဌာနတို့ ညှိနှိုင်းကာ အန္တရာယ်ရှိနိုင်ဟုယူဆပြီး လမ်းကိုဖြတ်သန်းသွားလာခြင်းမပြုဖို့ ယာယီ ခေတ္တလမ်းပိတ်ထားပါတယ်။ ဒီနေ့ညနေ ၃ နာရီလောက်မှာ မန္တလေး-မြစ်ကြီးနား အဝေးပြေးယာဉ်ကြီးတချို့က ကုန်စိမ်းတွေပါရှိတဲ့အတွက် ပျက်စီးမှာစိုးရိမ်ပြီး ရေကျော်လမ်းကို ဇွတ်ဖြတ်သန်းကြတဲ့အတွက် သက်ဆိုင်ရာမှ ဆောက်လုပ်ရေးဌာနက ကားနဲ့ ကန့်လန့်ခံ တားဆီးပိတ်ဆို့ထားရပါတယ်။

မော်တော်ယာဉ်တွေနဲ့ ခရီးသွားပြည်သူတွေ မလိုလားအပ်တဲ့အန္တရာယ် မဖြစ်ပေါ်စေဖို့အတွက် သက်ဆိုင်ရာက ယာယီပိတ်ထားတာဖြစ်ပါတယ်။ စိတ်ချရတဲ့အခြေအနေမှာ ပုံမှန်ပြန်လည် ဖြတ်သန်းခွင့်ပြုပေးသွားမှာပါ''ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ချဉ်းကပ်လမ်း ရေကျော်နေမှုဖြစ်စဉ်ကြောင့် အဆိုပါ လမ်းပိုင်းမှတစ်ဆင့် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်းမြို့များသို့ သွားရောက်ကြမည့် ကုန်တင် ယာဉ်ကြီးများ ရပ်တန့်စောင့်ဆိုင်းနေရကြောင်း သိရသည်။
ဇွဲမာန်(ထီးချိုင့်)

No comments:

Post a Comment