ရန်ကုန် ဇူလိုင် ၂၉
အထပ်သားစက်ရုံတွင် အလုပ်လုပ်ရင်း မတော်တဆဖြစ်ကာ ဘယ်ဘက်လက်ညှိုးမှ လက်သန်းအထိ လက်ချောင်းများ ပြတ်သွားခဲ့သည့် လူနာအား ဘယ်ဘက်ခြေထောက်မှ ခြေညှိုးကိုယူပြီး ပြတ်သွားသည့်လက်ခလယ်နေရာတွင် အောင်မြင်စွာ အစားထိုးခွဲစိတ်ကုသနိုင်ခဲ့ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသ ပညာဌာနမှ သိရသည်။
''ဒီကလေးမလေးက လက်ချောင်းအစားထိုးတာ ၅၄ ယောက်မြောက် လူနာ ဖြစ်ပါတယ်။ လက်ညှိုးက သုံးလို့ရတယ်။နည်းနည်းကျန်နေသေးတယ်။ လက်မကလည်း မပျက်စီးဘူး၊ အဲဒါကြောင့် လက်ခလယ်မှာပဲ အစားထိုးပေးလိုက်တယ်။ ကျန်တဲ့ လက်ချောင်းလေးတွေကိုလည်း နောက်ပိုင်း အစားထိုးဖို့ရှိပါတယ်''ဟု ရန်ကုန် ပြည်သူ့ဆေးရုံကြီး လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသပညာဌာနမှ ဒေါက်တာခင်မောင်မြင့်က ပြောသည်။ အဆိုပါလူနာသည် ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် အုန်းပင်ချောင်မှ အသက် ၁၉ နှစ် အရွယ် မအေးသ္တာဦးဖြစ်ပြီး ယခုနှစ် မေလ ၁၃ ရက်က အထပ်သား စက်ရုံတွင် အလုပ်လုပ်ရင်း မတော်တဆဖြစ်ကာ ဘယ်ဘက်လက်ညှိုးမှ လက်သန်း အထိ လက်ချောင်းများပြတ်သွားခဲ့ရာမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြီး လက်အစားထိုး ခွဲစိတ်ကုသမှုခံယူခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လက်အစိတ်အပိုင်း အစားထိုးခွဲစိတ်မှု ဆောင်ရွက် ပေးခဲ့သည့် လူနာ ၂ဝဝ ကျော်ရှိ သွားပြီဖြစ်ကြောင်း၊ အဓိကအားဖြင့် လက်ကောက် ဝတ်ပြတ်တောက်မှုများကြောင်းနှင့် လက်မောင်းပြတ်တောက်မှုကို ပြန်ဆက် ပေးခဲ့ရသည့် လူနာနှစ်ဦးရှိကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး လက်ပိုင်းဆိုင်ရာခွဲစိတ် ကုသပညာဌာနမှ သိရသည်။
''အထပ်သားစက်ရုံမှာ အလုပ်လုပ်ရင်း အထပ်သားထည့်တဲ့စက်ထဲကို လက် ထည့်တဲ့အချိန် ဓားပြုတ်ကျပြီး လက်ချောင်းလေးတွေ ဓားပြတ်သွားတာ ချက်ချင်း ဆေးရုံကိုခေါ်လာတယ်။ လမ်းမှာ သတိမရတော့ဘူး၊ ခြေထောက်က ခြေညှိုးကိုယူပြီး ပြတ်သွားတဲ့နေရာမှာ အစားထိုးကုသတာပါ။ ကုန်ကျစရိတ် ဘာမှမရှိပါဘူး၊ အခုတော့ သက်သာလို့ဆေးရုံက ဆင်းလို့ရပါပြီ''ဟု ခွဲစိတ်ကုသမှုခံယူခဲ့သည့် မအေးသ္တာဦးက ပြောသည်။
လက်ချောင်းများပြတ်တောက်သွားပါက ၂၄ နာရီမှ နာရီ ၃ဝအတွင်းနှင့် လက်ကောက်ဝတ်၊ တံတောင်ဆစ်၊ လက်မောင်း ပြတ်သွားပါက ၂၄ နာရီအတွင်း ပြတ်တောက်သွားသည့် လက် အစိတ်အပိုင်းများအား ပလတ်စတစ်အိတ်အတွင်း ရေခဲဖြင့် စနစ်တကျထုပ်ပိုးကာ ဆေးရုံသို့ အချိန်မီယူဆောင်ပြီး ခွဲစိတ် ကုသမှုခံယူပါက ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသပညာဌာနမှ သိရ သည်။
''လက်ကောက်ဝတ်၊ တံတောင်ဆစ်၊ လက်မောင်းပြတ်သွားရင် ဆေးရုံကို စောစောယူလာတာ အကောင်းဆုံးပါပဲ။ ရာသီဥတုအပေါ်မှာလည်းမူတည်တယ်။ ရာသီဥတုပူနေရင် မြန်မြန်ပုပ်လွယ်တယ်၊ ပူတဲ့ရာသီဥတုမှာတော့ ရေခဲနဲ့ထုပ်ပြီး ယူလာ တာ အကောင်းဆုံးပဲ''ဟု လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသပညာဌာန ပါမောက္ခဌာန မှူးက ပြောသည်။
လက်ခွဲစိတ်ကုဆရာဝန်များသည် ရန်ကုန်ဆေးတက္ကသိုလ် (၁)တွင် ပါမောက္ခ နှစ်ဦး၊ တွဲဖက်ပါမောက္ခနှစ်ဦး၊ အထူးကုဆရာဝန်တစ်ဦး၊ သင်တန်းသား ခုနစ်ဦးရှိပြီး မ္တလေးဆေးတက္ကသိုလ်တွင် ပါမောက္ခနှစ်ဦး၊ ကထိကတစ်ဦးနှင့် ဆေးတက္ကသိုလ် (၂)တွင် ပါမောက္ခတစ်ဦး၊ ကထိကဆရာဝန်တစ်ဦးသာ ရှိနေသေးကြောင်း၊ တောင်ကြီး၊ မကွေးမြို့တို့တွင် ဆေး တက္ကသိုလ်များ ဖွင့်လှစ်ထားသော်လည်း လူအင်အား ပြည့်စုံမှုမရှိသဖြင့် လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုဆရာဝန်မထားနိုင်သေးကြောင်း ရန်ကုန် ပြည်သူ့ ဆေးရုံကြီးမှ သိရသည်။
''လက်တစ်ခုခုဖြစ်ရင် ခွဲစိတ်ဆရာဝန်နဲ့ဆက်သွယ်ပြီးကုသပါ၊ လက်တွေပြတ် ရင်လည်း အချိန်မရွေးယူလာလို့ရတယ်။ စောစောယူလာရင် အခွင့်အရေးပိုရတယ်။ စောစောယူလာတိုင်း ပြန်ဆက်လို့ရတာတော့မဟုတ်ဘူး၊ သွေးကြောတွေ၊ြ<ွကက်သား တွေမကျေဘူး၊ နည်းနည်းလောက်ပဲကျေတာဆိုရင် ကုသလို့ ရတယ်။ ဆေးရုံကိုလည်း အရင်အကြောင်းကြားထားဖို့လိုတယ်။‘ဒါမှ ဒီမှာကုသဖို့အတွက် ကြိုတင်ပြင်ဆင် ထားလို့ရမှာ''ဟု ဒေါက်တာခင်မောင်မြင့်က ပြောသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လက်ကောက်ဝတ်၊ တံတောင်ဆစ်၊ လက်မောင်း၊ လက်ချောင်းပြတ်လူနာများတွင် ကြံရည်ကြိတ်စက်နှင့် စပါြးေ>ွခလှေ့စက်ညပ်ရာမှ ဆေးရုံသို့ အများဆုံးလာရောက်လေ့ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် လက်မတော် တဆမှုဖြစ်ပွားပါက ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန ဖုန်း ဝ၁-၂၅၆၁၁၂ သို့ ကြိုတင်ဆက်သွယ် အကြောင်းကြားထားရန် လိုအပ်ကြောင်းသိရသည်။
မင်းသစ်(သတင်းစဉ်)
No comments:
Post a Comment