Wednesday, June 29, 2016

နိုင်ငံတစ်ဝန်း ဆက်သွယ်ရေး တာဝါတိုင် ၉ဝဝ ကျော် တစ်နှစ်အတွင်း တည်ဆောက်မည်

သတင်း-မောင်စိန်လွင်(မြန်မာ့အလင်း)၊ဓာတ်ပုံ-မင်းထက်

ရန်ကုန် ဇွန် ၂၈

ကမ္ဘာ့နိုင်ငံအများစုတွင် အဆင့်မြင့်တာဝါတိုင်များကို အကောင် အထည်ဖော် တည်ဆောက်ပေးလျက်ရှိသော တာဝါတိုင်တည် ဆောက်ရေးကုမ္ပဏီတစ်ခုဖြစ်သည့်OCK Group Berhad သည် မြန်မာနိုင်ငံတစ်ဝန်း ဆက်သွယ်ရေးတာဝါတိုင် ၉ဝဝ ကျော်ကို တစ်နှစ်အတွင်း အပြီးအကောင်အထည်ဖော်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တာဝါတိုင် ၉၂ဝကို မလေးရှားနိုင်ငံတာဝါတိုင် ဆောက်လုပ်ရေးကုမ္ပဏီဖြစ်သည့်OCK Group Berhad က ယခုနှစ်အတွင်း နိုင်ငံတစ်ဝန်း ဆက်သွယ်ရေးလုပ်ငန်းများ အဆင်ပြေစေရန်အတွက် မြန်မာနိုင်ငံအခြေစိုက် ပြည်ပဘဏ် လေးခုမှ
ချေးငွေ အမေရိကန်ဒေါ်လာ ၄ဝ ဒသမ ၂ သန်းယူကာ တည်ဆောက်ပေးသွား မည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအခြေစိုက် ပြည်ပဘဏ် လေးခုဖြစ်သည့် OCBC Bank၊ May Bank၊နှင့် Bank ESifh BangKoKBank တို့မှ သတ်မှတ်အတိုးနှုန်းဖြင့် ချေးယူ ကာ တည်ဆောက်မည်ဖြစ်ပြီး ယင်းတာဝါတိုင် ၉ဝဝ ကျော်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ပိုင်ခွင့်ရ တယ်လီနောဆက်သွယ်ရေး အော်ပရေတာအား ၁၂ နှစ်တာ ငှားရမ်းဝန်ဆောင်မှုပေးသွား မည်ဖြစ်သည်။
''ကျွန်တော်တို့ တာဝါတိုင်ဆောက်လုပ်ရေးကုမ္ပဏီအနေ နဲ့ ဒီမြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ပိုင်ခွင့်ရ တယ်လီနော အော်ပရေတာနဲ့ နှစ်ဖက်သဘောတူစာချုပ်လက်ရေးထိုးပြီး ဖြစ်ပါတယ်။ သူတို့နဲ့နှစ်ဖက်သဘောတူစာချုပ်မှာက ၁၂ နှစ် ငှားရမ်းဝန်ဆောင်မှုပေးသွားမှာပါ။ သူတို့နဲ့ ၁၂ နှစ်ပြီးလို့ ဆက်လက်မလုပ်ဆောင်ဖြစ်ဘူးဆိုရင် အခြားအော်ပရေတာ တွေအနေနဲ့ ဆက်ပြီးငှားရမ်းအသုံးပြုချင်သေးတယ်ဆိုလည်း ငှားရမ်းပေးသွားဖို့ ရှိပါတယ်။ တာဝါတာတိုင်အားလုံးဟာ အဆင့်မြင့် မြေစိုက်တာဝါတိုင်တွေချည်း တည်ဆောက်သွား မှာပါ။ အိမ်ခေါင်မိုးပေါ်၊ အဆောက်အအုံတွေမှာ တည်ဆောက် သွားမှာမဟုတ်ပါဘူး''ဟု OCK Group Berhad Group မှ Managing Director Sam Ooi Chin Khoon က ယနေ့မွန်းလွဲ၂နာရီတွင် ရန်ကုန်မြို့ ဆူလေရှန်ဂရီလာ၌ ပြုလုပ် သည့် ချေးငွေပေးဆောင်ခဲ့သောဘဏ်လေးခုနှင့် သဘောတူ လက်မှတ်ရေးထိုးပွဲအပြီးတွင် မီဒီယာများအားပြောကြားခဲ့သည်။ 

ယခုအကောင်အထည်ဖော်တည်ဆောက်မည့် တာဝါတိုင် ၉၂ဝ သည် ပြည်သူများအတွက် ကျန်းမာရေးမထိခိုက်စေရန် အိမ်ခေါင်မိုးနှင့် အခြားအဆောက်အအုံများပေါ်တွင် တည် ဆောက်မှု ပြုလုပ်သွားမည်မဟုတ်ဘဲ ပြည်သူများလက်ခံနိုင်သည့် မြေငှားရမ်းတည်ဆောက်မှုများကိုလုပ်ဆောင်သွားမည် ဖြစ် ကြောင်း သိရသည်။ နိုင်ငံတစ်ဝန်း တာဝါတိုင်တည်ဆောက်မည့် မြေနေရာစမ်းသပ်မှုများကို ပြီးခဲ့သည့်ဧပြီလအတွင်းကတည်းက လုပ်ဆောင်ခဲ့ကာ တယ်လီနောကိုလည်း အပ်နှံခဲ့ပြီးဖြစ်ကြောင်းManaging Director Sam Ooi Chin Khoon က ပြောကြားသည်။
တာဝါတိုင်တည်ဆောက်မည့် မလေးရှားကုမ္ပဏီဖြစ်သည့်OCK Group Berhad အနေဖြင့် ယခု နိုင်ငံတစ်ဝန်း တည် ဆောက်မည့် အဆင့်မြင့်တာဝါတိုင်များမှာ အနိမ့်ဆုံးတာဝါတိုင် အမြင့်မှာ ၃၅ မီတာရှိပြီး မြေအနေအထားပေါ်မူတည်ကာ ၄၅ မီတာနှင့် အမြင့် ဆုံး ၅၅ မီတာအမြင့်ရှိသည့် တာဝါတိုင်များကို တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(မြန်မာ့အလင်း)

No comments:

Post a Comment