Wednesday, June 29, 2016

ယူရို ၃၆ ဒသမ ၅၆ သန်းတန်ဖိုးရှိ ကျောက်စိမ်းအတွဲပေါင်း ၆၂၄ တွဲရောင်းချ



နေပြည်တော်   ဇွန်   ၂၈

(၅၃)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ တွင် ကျောက်စိမ်းအတွဲပေါင်း ၆ဝ၆၂ တွဲအနက်မှ အတွဲ ၁ဝဝဝ ကို အိတ်ဖွင့်တင်ဒါဖြင့်ရောင်းချရာ ၆၂၄ တွဲကို ယူရို ၃၆ ဒသမ ၅၆ သန်းဖြင့် ရောင်းချခဲ့သည်။ 

ယခင်နေ့များက ပုလဲအတွဲပေါင်း ၃၁၂ တွဲ  ရောင်းရ ငွေ ၃ ဒသမ ၁၂ သန်း၊ ကျောက်မျက်အတွဲပေါင်း ၆၃ တွဲ ရောင်းရငွေမှာ ၃ ဒသမ ၂၉ သန်းဖြစ်၍ ယနေ့အထိ စုစု ပေါင်းရောင်းချမှုမှာ ၄၂ ဒသမ ၉၇ သန်း ရောင်းချပြီးဖြစ် ကြောင်း သိရသည်။ 

ဆက်လက်၍ တစ်နေ့လျှင် ကျောက်စိမ်းအတွဲ ၁ဝဝဝ စီကို ဇူလိုင် ၃ ရက်အထိ ရောင်းချမည်ဖြစ်ပြီး ဇူလိုင် ၄ ရက်မှ ၆ ရက်အထိ ယူရို ၂ဝဝဝဝ၁ တန်ဖိုးရှိ ကျောက်စိမ်းအတွဲများ ကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချသွားမည်ဟု သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment