Wednesday, June 29, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ကိုရီးယားသမ္မတနိုင်ငံနှင့် နယူးဇီလန်နိုင်ငံ သံအမတ်ကြီးတို့ ခန့်အပ်လွှာများပေးအပ်


 


 နေပြည်တော် ဇွန် ၂၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ယူဂျယ်ဂျောင်းသည် ယနေ့ နံနက် ၁ဝ နာရီတွင်လည်းကောင်း၊ နယူးဇီလန်နိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ စတီဖင် မာရှယ်သည် ယနေ့ နံနက် ၁ဝ နာရီခွဲတွင်လည်းကောင်း နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ၄င်းတို့၏ သံအမတ်ခန့်အပ်လွှာများကို ပေးအပ်ကြသည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ‘ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်တို့ တက်ရောက်ကြသည်။ (သတင်းစဉ်)

No comments:

Post a Comment