Wednesday, June 29, 2016

လျှပ်စစ်ဓာတ်အားလိုင်းကြိုးနှင့် ဓာတ်တိုင်အချို့ နွယ်သစ်ပင်များဖုံးအုပ်နေ

 



ထင်သာမြင်သာပြုပြင်စရာ


ရန်ကုန်မြို့တွင်း လျှပ်စစ်အ္တရာယ်မဖြစ်ပေါ်စေရန် ဓာတ်တိုင်များတွင်ရှိနေသာ ရှုပ်ထွေးနေသည့် ကြိုးများရှင်းလင်းခြင်း၊ လျှပ်စစ်ဓာတ်ကြိုးများနှင့်မလွတ်ကင်းသော သစ်ပင် အကိုင်းအခက်များကို ခုတ်ထွင်ရှင်းလင်းခြင်းများ မြင်တွေ့နေရသည်။

သို့သော် ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နားစခန်းဝင်း ရိုးကြီးချောင်း ပတ်လမ်းဘေးရှိ အဆောက်အအုံမဆောက်လုပ်သေးသော မြေကွက်လပ်ရှေ့အနီးရှိ ဓာတ်တိုင်၌ နွယ်သစ်ပင်များ ဖုံးအုပ်နေသည်ကို မြင်တွေ့ရသည်။ အဆိုပါဓာတ်တိုင် နေရာတွင် လျှပ်စစ်ဓာတ်အားလိုင်းကြိုးများအပြင် တယ်လီဖုန်းလိုင်းကြိုးများပါ မြင်တွေ့ ရသည်။

ဓာတ်တိုင်အခြေတွင်လည်း ရေအိုင်ကြီး၊ အမှိုက်ပုံနှင့် စီတန်းရပ်နားထားသော ကုန်တင်ယာဉ်တန်းမျိုးစုံပါ မြင်တွေ့ရသည်။ ယင်းဓာတ်တိုင်အနီးရှိ ထရန်စဖော်မာ ခြံဝင်းတွင်လည်း အလားတူနွယ်သစ်ပင်များဖြင့် ဖုံးအုပ်နေသည်ကို မြင်တွေ့ ရသည်။
အဆိုပါ ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ ရေအိုင်၊ အမှိုက်ပုံ၊ ရပ်နားကုန်ကား နွယ်သစ်ပင်များဖုံးလွှမ်းနေသော ဓာတ်တိုင်၊ ဓာတ်ကြိုး၊ ထရန်စဖော်မာတို့ကို မြင် ကွင်းရှင်းရန်နှင့် လျှပ်စစ်အ္တရာယ်ကင်းဝေးရေးအတွက် ရှင်းလင်းပေးစေလိုကြောင်း လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
ခင်ဆိုင်

No comments:

Post a Comment