Wednesday, June 29, 2016

ဖွံ့ဖြိုးတိုးတက်မှုအလားအလာကောင်းများနှင့် နိုင်ငံသူနိုင်ငံသားတို့၏တာဝန်

 
 
 
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတစ်စောင် (OPENING
FOR BUSINESS) အား ၂ဝ၁၆ ခုနှစ် ဇွန်လ ၂၇ ရက်နေ့၌ ထုတ်ပြန်ခဲ့ ပါသည်။ ဤအစီရင်ခံစာအရ က္ဘာ့ဘဏ်သည် မြန်မာနိုင်ငံအားပြည်ပ ပို့ကုန်တိုးချဲ့တင်ပို့ရေး မဟာဗျူဟာဖြင့် ဒေသတွင်းနိုင်ငံများအပါအဝင် က္ဘာ့နိုင်ငံများနှင့် အပြန်အလှန် ကုန်သွယ်မှုတိုးချဲ့ဆောင်ရွက်ရန် အကြံ ပြုထားပါသည်။ က္ဘာ့ဘဏ်က မြန်မာနိုင်ငံသည် လက်ရှိအနေအထားထက် ပိုမိုမြင့်မားသော အရှိန်အဟုန်ဖြင့်တိုးတက်ရန် ကျယ်ပြန့်အားကောင်း သော အလားအလာများရှိနေသည်ကို အသိအမှတ်ပြုဖော်ပြထားပါသည်။

ဤနေရာ၌ က္ဘာ့ဘဏ်ကရရှိလာသော ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့် များအား ပြည်သူတစ်ရပ်လုံး ခံစားရရှိရေးအပေါ် လေးလေးနက်နက် မီးမောင်းထိုးတင်ပြထားသည်ကို ရည်ညွှန်းဖော်ပြလိုပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များအား ကျေးလက်တောရွာများနှင့် ဖွံ့ဖြိုးမှုနိမ့်ကျလျက်ရှိသောဒေသများမှ ပြည်သူများ ခံစားရရှိနိုင်ရေးကို အရေးကြီးသော အခြေခံလိုအပ်ချက်အဖြစ် တင်ပြထားပါသည်။ ဤအခြေခံစီးပွားရေးလိုအပ်ချက်နှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်တိုးတက်ခိုင်မာရေးဟူသော အခြေခံနိုင်ငံရေး လိုအပ်ချက် ကိုပါ ပူးတွဲသုံးသပ်ဖော်ပြထားခြင်းသည် မြန်မာနိုင်ငံ၏အမျိုးသားရေး လိုအပ်ချက်အပေါ် ထင်ဟပ်ဖော်ဆောင်ထားခြင်းဖြစ်သည်ဟု ယူဆ ပါသည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအလားအလာအပေါ် က္ဘာ့ဘဏ်က ''မြန်မာ နိုင်ငံသည် ချမှတ်ထားသောရည်မှန်းချက်များအတိုင်း တိုင်းပြည်ထုတ်ကုန် စုစုပေါင်း(GDP)ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို နှစ်စဉ် ၇ ဒသမ ၇ ရာခိုင်နှုန်း ထိန်းထားနိုင်ပါက ကိုးနှစ်၊ ဆယ်နှစ်အတွင်း တိုင်းပြည်ထုတ်ကုန်စုစုပေါင်း (GDP)သည် နှစ်ဆဖြစ်လာနိုင်သည်''ဟု သုံးသပ်ထားသည်မှာ အားတက် စရာဖြစ်ပါသည်။ ဤသို့သော ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် တရုတ်နိုင်ငံမှအပ ကျန်က္ဘာ့နိုင်ငံများ၌ ဆုပ်ကိုင်ရရှိခဲ့ခြင်းမရှိသေးသော ဖွံ့ဖြိုးတိုးတက်မှု မျိုးဖြစ်ပါသည်။ သို့သော် က္ဘာ့ဘဏ်က မြန်မာနိုင်ငံသည် ဤသို့သော ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ရရှိနိုင်သည်ဟု ယုံကြည်မျှော်လင့်ထားပါသည်။ မြန်မာနိုင်ငံက က္ဘာ့လူဦးရေ၏ ၄ဝ ရာခိုင်နှုန်းခန့် နေထိုင်လျက်ရှိသော နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်မှာ အရေးပါသောအားသာချက် တစ်ရပ်ဖြစ်သည်ဟု က္ဘာ့ဘဏ်က မှတ်ချက်ပြုထားပါသည်။ ၂ဝဝ၅ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ ကိုးနှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ ပြည်ပ သို့ အထည်ချုပ်တင်ပို့မှုသည် သုံးဆတိုးတက်ခဲ့ပြီး ရန်ကုန်ဆိပ်ကမ်း ကုန်ပစ္စည်းအဝင်အထွက် ကိုင်တွယ်ထိန်းသိမ်းရမှုသည်လည်း လေးဆ တိုးတက်ခဲ့ပါသည်။ က္ဘာလှည့်ခရီးသွားလုပ်ငန်းသည်လည်း ၃၅ ရာခိုင်နှုန်း ခန့် မြင့်မားတိုးတက်ခဲ့ပါသည်။

သို့သော် က္ဘာ့ဘဏ်ကမျှော်လင့်ထားသော ဖွံ့ဖြိုးတိုးတက်မှုနှုန်း မျိုးရရှိရန် မြန်မာနိုင်ငံအနေဖြင့် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသော အားနည်း ချက်များကို လိုအပ်သလိုပြင်ဆင် ပြုပြင်ပြောင်းလဲရမည်ဖြစ်သကဲ့သို့ ချမှတ်သင့် ချမှတ်ထိုက်သည့် မူဝါဒများကိုလည်း ချမှတ်ရမည်ဖြစ်ပါသည်။ က္ဘာ့ဘဏ်က မြန်မာနိုင်ငံ၌ ကုန်သွယ်စရိတ်မြင့်မားနေခြင်းကို အားနည်း ချက်တစ်ရပ်အဖြစ် ထောက်ပြထားပါသည်။ ဤသို့ ကုန်သွယ်မှုစရိတ် မြင့်မားနေခြင်းသည် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ စွမ်းဆောင် ရည်နှင့် ဆက်စပ်နေပါသည်။ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ စွမ်းဆောင်ရည်သည် အာဆီယံနိုင်ငံများ၌ အနိမ့်ဆုံးဖြစ်ပါသည်။ အခြေခံ အဆောက်အအုံများဆိုရာ၌ အခြားအခြေခံအဆောက်အအုံ ကိစ္စရပ်များ နှင့်အတူ ဆိပ်ကမ်းရောက် ကုန်ပစ္စည်းများအား အကောက်ခွန်ဆိုင်ရာ ကိစ္စရပ်များ ကိုင်တွယ်ရှင်းလင်းခြင်းပါဝင်သကဲ့သို့ ကုန်သွယ်မှုဆိုင်ရာ ဘဏ္ဍာရေးထောက်ပံ့မှုစနစ်တို့လည်း အကျုံးဝင်ပါဝင်နေပါသည်။ အရေး ကြီးသည့်အချက်မှာ ကာလရှည်ကြာစွာကိုင်စွဲခဲ့သည့် သဘာဝသယံဇာတ အပေါ် အမှီပြုသော စီးပွားရေးဖွံ့ဖြိုးမှုပုံစံမှသည် အသေးစား၊ အလတ်စား၊ စက်မှုကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် စဉ်ဆက်မပြတ် တိုးတက်နိုင်သော စိုက်ပျိုးရေးအခြေခံ စီးပွားရေးလုပ်ငန်းများအပေါ် အမှီပြုသော စီးပွားရေးဖွံ့ဖြိုးမှုပုံစံသို့ ပြောင်းလဲရန် က္ဘာ့ဘဏ်က အကြံပြုထားခြင်းဖြစ်ပါသည်။ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာ၌ လွယ်ကူချောမော လျင်မြန်သောလုပ်ငန်း စနစ်တို့ ချမှတ်အကောင်အထည်ဖော်ရန်ကိုလည်း က္ဘာ့ဘဏ်က တိုက်တွန်းထားပါသည်။ စီးပွားရေးဆိုင်ရာလုပ်ငန်းရပ်များနှင့် ဆက်နွှယ် ထိစပ်လျက်ရှိသော အစိုးရအဖွဲ့အစည်းတို့၏ စွမ်းဆောင်ရည်မြှင့်တင် ရေးကိုလည်း အလေးအနက်ထားဆောင်ရွက်ရန် က္ဘာ့ဘဏ်က ထောက်ပြ ထားပါသည်။

ခြုံ၍တင်ပြရပါက မြန်မာနိုင်ငံအနေဖြင့် ဖြစ်ပေါ်လာနိုင် သော အလားအလာကောင်းများကို အပြည့်အဝ ဆုပ်ကိုင်ဖော်ဆောင် နိုင်ရန် ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည်များကို ပြင်ဆင်ပြောင်းလဲရမည် ဖြစ်သကဲ့သို့ ချမှတ်သင့် ချမှတ်ထိုက်သည့် မူဝါဒများကိုလည်း ချမှတ်ရ မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး သည် ဖြစ်ပေါ်လာနိုင်သော အလားအလာကောင်းများအား နှလုံးသွင်း၍ ကျရာအခန်းကဏ္ဍမှ တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။







No comments:

Post a Comment