Wednesday, June 29, 2016

ဘင်းမ်စတက်၏ ဒေသအတွင်း လွတ်လပ်သောကုန်သွယ်မှုဧရိယာထူထောင်နိုင်ရေး ဆွေးနွေး


 
 
နေပြည်တော် ဇွန် ၂၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးမြင့်ဆွေသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာမြို့အခြေစိုက် ဘင်းမ်စတက်မှ အတွင်းရေးမှူးချုပ် မစ္စတာ ဆူမစ် နာကန် ဒလာ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဘင်းမ်စတက်၏ ဒေသအတွင်းလွတ်လပ်သောကုန်သွယ်မှု ဧရိယာထူထောင်နိုင်ရေး၊ အဖွဲ့ဝင်နိုင်ငံများမှ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး၊ အဖွဲ့ဝင်နိုင်ငံများအကြား ဆက်သွယ်ရေးလမ်းကြောင်းများ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးနှင့် ဘင်းမ်စတက်ဒေသအတွင်း မြန်မာနိုင်ငံပါဝင်မှုအခန်းကဏ္ဍကို မြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ‘ဒုတိယဝန်ကြီး ဦးကျော်တင်၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment