Friday, April 1, 2016

မှုခင်းအက်ရှင် ဇာတ်ကား London Has Fallen




The Mirror Daily's photo.


ဖြိုးစန္ဒာမြင့် - ရေးသားသည်

၂ဝ၁၃ ခုနှစ်က ရုံတင်ပြသခဲ့သည့် Olympus Has Fallen ဇာတ်ကား၏ နောက်ဆက်တွဲ ဇာတ်ကားတစ်ကားဖြစ်ပြီး နိုင်ငံတော်အကြီးအကဲများကို လုပ်ကြံမှုကျူးလွန်မည့်အဖွဲ့ကို အကွက်ကျကျ ကြိုတင်ထောက်လှမ်းပြီး ကာကွယ်ခဲ့ပုံကို ပုံဖော်ခြယ်မှုန်းရိုက်ကူးထားသည့် London Has Fallen (2D)မှုခင်းအက်ရှင်ဇာတ်ကားကို ယခုလဆန်းပိုင်းက ဟောလိဝုဒ်တွင် မိတ်ဆက်ပြသခဲ့ပြီး ဧပြီ ၁ ရက်တွင်မြန်မာနိုင်ငံရှိ မင်္ဂလာ(၂)၊ နေပြည်တော် Cineplex 1 2 3 ၊ မင်္ဂလာစံပြ Cineplex 1 2 3 ၊ မင်္ဂလာဒိုင်းမွန်း Cineplex 1 2 3 နှင့် မင်္ဂလာထွန်းသီရိရုပ်ရှင်ရုံများ တွင်ရုံတင်ပြသသွားမည်ဖြစ်သည်။

ယင်းဇာတ်ကားတွင် အင်္ဂလန်ဝန်ကြီးချုပ်သည် သံသယဖြစ်ဖွယ် အချက်များဖြင့် မမျှော်လင့်ဘဲ ကွယ်လွန်ခဲ့ရပြီး ဝန်ကြီးချုပ်၏ဈာပနကို ကမ္ဘာအရပ်ရပ်မှ နိုင်ငံ့ခေါင်းဆောင်များ စုရုံးတက်ရောက်ဂါရဝပြုရန် စီစဉ်ထားသည်။ တက်ရောက်လာကြမည့် နိုင်ငံ့ခေါင်းဆောင်များအတွက် လုံခြုံရေးတင်းကျပ်ထားသော်လည်း ၎င်းတို့၏လုံခြုံရေးအတွက်မူ အထူးစိုးရိမ်နေကြရသည်။

ဈာပနအခမ်းအနားတွင် နိုင်ငံ့ခေါင်းဆောင်များ ထပ်မံလုပ်ကြံခံရပါက ကမ္ဘာကြီး၏အနာဂတ်သည် မတွေးဝံ့စရာ အကြမ်းဖက်ဖြစ်ရပ်များနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။ ထိုသို့ ကြံစည်မှုကို အမေရိကန်သမ္မတကြီး အပါအဝင် သူ၏လျှို့ဝှက်ထောက်လှမ်းရေးအကြီးအကဲနှင့် အင်္ဂလန်ထောက်လှမ်းရေး အဖွဲ့ MI-6 ၏ အတော်ဆုံးထိပ်တန်းထောက်လှမ်းရေးသမားတို့ အတူပူးပေါင်းကာ ကြိုတင်ကာကွယ်တားဆီးကြပုံကို ရိုက်ကူးတင်ပြထားသည့် မှုခင်းအက်ရှင် ဇာတ်ကားတစ်ကားဖြစ်သည်။

No comments:

Post a Comment