Friday, April 1, 2016

မြို့နယ်ပြည်သူများအား အခမဲ့ကျန်းမာရေးဆေးကုသ



The Mirror Daily's photo.
ရန်ကုန် မတ် ၃၁
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ပြည်သူများအား မျက်စိ၊ သွားနှင့် ခံတွင်း၊ သားဖွားမီးယပ်၊ ကလေးငယ်များနှင့် အထွေထွေခွဲစိတ်ကုသမှုများကို ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အခမဲ့ဆေးကုသပေးခြင်းကို မတ် ၃ဝ ရက် နံနက်က သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အမှတ်(၂) တပ်မတော်ဆေးရုံ (ခုတင်- ၅ဝဝ) ပြည်သူ့အကျိုးပြု နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒုတိယ ဗိုလ်မှူးကြီးစိုးမြင့်သန်း ဦးဆောင်သည့် ဆေးဘက်ဆိုင်ရာပါရဂူများ၊ ဆေးမှူး (အရာရှိ) များပါဝင်သည့် ၂၆ ဦးပါ ဆေးကုသရေးအဖွဲ့မှ မြို့နယ်အတွင်း ရှိ ဝေဒနာရှင်များကို လာရောက်ကုသ ပေးခြင်းဖြစ်သည်။

ဆေးကုသရာတွင် မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေးအသင်း (သင်္ဃန်းကျွန်း) တို့က ပံ့ပိုးကူညီစောင့်ရှောက်ပေးကြသည်။
(အောင်သူရ)

No comments:

Post a Comment