Friday, April 1, 2016

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၂၆ ခု အပြီးသတ်ဆောင်ရွက်

The Mirror Daily's photo.
မန္တလေး မတ် ၃၁
မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်၊ ပန်းလောင်မြစ်နှင့် ဒုဋ္ဌဝတီမြစ်ကမ်းဘေးမှ ကျေးရွာများတွင် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၂၆ ခုကို ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ပေါင်း ၃၇၄၅ ဒသမ ၁ဝ သုံးစွဲ၍ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(မန္တလေး)မှ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းက ပြောသည်။
လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ ကို မတ် ၃ဝ ရက်က တိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့် ဌာနတာဝန် ရှိသူများက သွားရောက်စစ်ဆေး ကြည့်ရှုခဲ့ကြသည်။
''ကမ်းပြိုကာကွယ်ရေးနဲ့ ရေလမ်း ကောင်းမွန်ရေးအတွက် တိုင်းဒေသ ကြီးရန်ပုံငွေ၊ ပြည်ထောင်စုရန်ပုံငွေ တွေအပြင် ဖြည့်စွက်ရန်ပုံငွေများနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ အရေးပေါ် သောင်တူးလုပ်ငန်းတွေလည်း ပြီးခဲ့တဲ့ လများက ဆောင်ရွက်ခဲ့တဲ့အတွက် ခုလို ရေနည်းချိန်မှာ ရေယာဉ်တွေ အန္တရာယ်ကင်းစွာ သွားလာနိုင်မှာပါ ဟု ညွှန်ကြားရေးမှူးက ပြောသည်။
ယင်းဌာနအနေဖြင့် နွေရာသီ ရေနည်းချိန်ကာလတွင် ရေယာဉ်များ ဘေးကင်းစွာသွားလာနိုင်ရေးအတွက် ရေစူးကန့်သတ်ချက်များ ထုတ်ပြန်ပေး ထားသဖြင့် ရေယာဉ်များက လိုက်နာ မောင်းနှင်ကြရန် လိုအပ်ကြောင်း၊ ရေလမ်းညွှန်အမှတ်အသားများကို လည်းအချိန်နှင့်တစ်ပြေးညီ စိုက်ထူ အသိပေးနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဘဏ္ဍာနှစ်အတွင်း ဆောင် ရွက်ခဲ့သည့် လုပ်ငန်း၂၆ ခုတွင် တိုင်း ဒေသကြီးအစိုးရ၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၂၉၂၄ ဒသမ ၃ဝ ဖြင့် ကမ်းပြို ကာကွယ်ရေးလုပ်ငန်း ၂၂ ခု၊ တိုင်း ဒေသကြီး ဖြည့်စွက်ရန်ပုံငွေ ကျပ် သန်းပေါင်း ၈၂ဝ ဒသမ ၈ဝ ဖြင့် လုပ်ငန်းလေးခုတို့တွင် ကျပ်သန်းပေါင်း ၃၇၄၅ ဒသမ ၁ဝ သုံးစွဲဆောင်ရွက်ခဲ့ သည့်အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်သန်း ပေါင်း ၃၄၆ ဒသမ ၇၃ ဖြင့် ဧရာဝတီ မြစ်ရေလမ်းဖွံ့ဖြိုးရေးလုပ်ငန်း ငါးခု ဆောင်ရွက်ခဲ့ရာ ယင်းလုပ်ငန်း အားလုံးအတွက် စုစုပေါင်း ကျပ်သန်း ပေါင်း ၄ဝ၉၁ ဒသမ ၈၃ သန်း သုံးစွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment