Friday, April 1, 2016

သောက်သုံးရေကာကွယ်ရေးဆောင်ရွက်

The Mirror Daily's photo.
နတ်တလင်း မတ် ၃၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ဒမငယ်ကျေးရွာတွင် မတ် ၂၈ ရက် နံနက်ပိုင်း၌ ကျေးရွာရှိ ရေတွင်းများအား ရေကြောင့်ဖြစ်ပေါ် သောရောဂါများ မပေါ်ပေါက်လာစေရန် ကြိုတင်ကာကွယ်သောအားဖြင့် ဒမငယ် (RHC) မှ ဆေးမှူး ဦးကျော်စန်းလှိုင် ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများက သောက်သုံးရေတွင်းများအား ကာကွယ်ဆေးဖျန်းပေးပြီး ကျေးရွာများတွင် ပူပြင်းသောရာသီရောက်နေပြီဖြစ်၍ ရေတွင်းများမှာ ရေထွက်အားကျဆင်းနေရာ သောက်သုံးရေသန့်ရှင်းမှုအားနည်းသဖြင့် ယခုလို ကြိုတင်ကာကွယ်ရေးများ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ဆေးမှူးထံမှ သိရသည်။
(ဝ၇၁)

No comments:

Post a Comment