Wednesday, March 30, 2016

မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ အတွက် အရေးပေါ်ပြန်လည် ထူထောင်ရေးစီမံကိန်း အကြံဥာဏ် ရယူခြင်းအခမ်းအနား ကျင်းပ




ဟားခါး မတ် ၂၉

ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ အတွက် အရေးပေါ်ပြန်လည် ထူထောင်ရေးစီမံကိန်း အကြံဥာဏ် ရယူခြင်းအခမ်းအနားကို မတ် ၂၉ ရက် နံနက် ၁ဝ နာရီခွဲက ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ၌ ကျင်းပသည်။
ထို့နောက် ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းဦးစီးဌာနမှ အင်ဂျင် နီယာချုပ် ဦးလှထွန်းဦးနှင့် ပြည်နယ် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်တို့က မြန်မာနိုင်ငံ အတွင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ အတွက် အရေးပေါ်ပြန်လည် ထူထောင်ရေး စီမံကိန်းအကြောင်းနှင့် သဘာဝပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ စီမံခန့်ခွဲမှုမူဘောင် (ESMF)အကြောင်းတို့ကို ရှင်းလင်းတင်ပြကြ ပြီး တက်ရောက်လာကြသူများက အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။ (ပြည်နယ် ပြန်/ဆက်)

No comments:

Post a Comment