Wednesday, March 30, 2016

ကယ်လီဖိုးနီးယား ပစ်ခတ်မှုသံသယရှိသူတစ်ဦး၏ အိုင်ဖုန်းကို အက်ဖ်ဘီအိုင် အသုံးပြုခွင့် ပိတ်ပင်




ကယ်လီဖိုးနီးယား မတ် ၂၉ 

ကယ်လီဖိုးနီးယားတွင် ပြီးခဲ့သောလကဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ် မှုတွင်သံသယရှိနေသူတစ်ဦး၏ အိုင်ဖုန်းကို အသုံးပြုခွင့်ပိတ်သိမ်းခဲ့ကြောင်း အက်ဖ်ဘီအိုင်က ပြောခဲ့သည်။
အက်ပဲလ်ထုတ်လုပ်ရေးကုမ္ပဏီ၏ အကူအညီမပါဘဲ ဖုန်းတွင်းပါ အချက် အလက်များကို အသုံးပြု၍ရမည်မဟုတ်ကြောင်း အက်ဖ်ဘီအိုင်က ပြောခဲ့သည်။
လျှို့ဝှက်ကုတ်ကာကွယ်မှုမရှိဘဲ ဖုန်းကို အလွယ်တကူဝင်ရောက်၍ အချက် အလက်ရယူနိုင်ရန်အတွက် အက်ဖ်ဘီအိုင်က တရားရုံးမှတစ်ဆင့် အက်ပဲလ် ကုမ္ပဏီကို ဆော့ဖ်ဝဲလ်အသစ်ပြန်ရေးရန်အတွက် တောင်းဆိုလိုက်သည်။
အက်ပဲလ်ကုမ္ပဏီက ယင်းတောင်းဆိုမှုကို ကုမ္ပဏီ၏သီးခြားမူဝါဒ ဆိုင်ရာကိစ္စတစ်ခုဟုဆိုကာ အက်ဖ်ဘီအိုင်ကို ကူညီရန် တရားရုံး၏အမိန့် ကို ငြင်းဆိုလိုက်ကြောင်းသိရသည်။ (အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment