Wednesday, March 30, 2016

ကိုရီးယား၊ ဂျပန်နှင့်အတူ သမ္မတ အိုဘားမား မြောက်ကိုရီးယား နျူကလီးယားအရေးဆွေးနွေး




ဝါရှင်တန် မတ် ၂၉

အမေရိကန်သမ္မတ ဘားရက် အိုဘားမားအနေဖြင့် ကိုရီးယား ဒီမိုကရက်တစ်သမ္မတနိုင်ငံ (မြောက် ကိုရီးယား)အရေးနှင့် ပတ်သက်၍ ကြာသပတေးနေ့တွင် တောင်ကိုရီး ယားနှင့် ဂျပန်ခေါင်းဆောင်တို့နှင့် အတူ သုံးနိုင်ငံအစည်းအဝေး ကျင်းပ မည်ဖြစ်ကြောင်း အိမ်ဖြူတော်က တနင်္လာနေ့က ပြောသည်။
တောင်ကိုရီးယားသမ္မတ ပတ်ဂွန် ဟေး၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တို့နှင့်အတူ သမ္မတအိုဘားမားက နျူကလီးယားလုံခြုံရေး ထိပ်သီး အစည်းအဝေးတစ်ရပ်အဖြစ် ကြာသ ပတေးနေ့နှင့် သောကြာနေ့များတွင် ဆွေးနွေးမည်ဟု ပြောသည်။
''ဒီအစည်းအဝေးက မြောက် ကိုရီးယားနိုင်ငံကို တုံ့ပြန်နိုင်ရေး ခေါင်းဆောင်သုံးဦး ဆွေးနွေးနိုင် မယ့်အခွင့်အရေးပါပဲ၊ ဒီသုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဟာ ဒေသ တွင်းနဲ့ကမ္ဘာ့အရေးမှာ ထိရောက်မှု ရှိလာမှာဖြစ်ပါတယ်''ဟု အိမ်ဖြူတော် ကြေညာချက်တွင် ဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံသည် ဇန်န ဝါရီ ၆ ရက်က နျူကလီးယားစမ်းသပ် ခဲ့ကြပြီး ဖေဖော်ဝါရီ ၇ ရက်က ဂြိုဟ်တု တစ်လုံးလွှတ်တင်ခဲ့ရာ တိုက်ချင်းပစ် ဒုံးပျံနည်းပညာကို အသုံးပြုခဲ့ကြောင်း သိရသည်။ (ရိုက်တာ)

No comments:

Post a Comment