Wednesday, March 30, 2016

အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဆိုင်ရာ နိုင်ငံတကာညှိနှိုင်းရေး ကော်မတီက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဘီအဆင့်သတ်မှတ်



 

 


နေပြည်တော်  မတ်  ၂၉

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြနှင့် အဖွဲ့ဝင်ဦးညွန့်ဆွေတို့သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ မတ် ၂၁ ရက်မှ ၂၃ ရက် အထိကျင်းပသော အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ နိုင်ငံတကာညှိနှိုင်းရေးကော်မတီ (ICC) ၏ (၂၉)ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေညီလာခံ သို့ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ      အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကိုယ်စား လှယ်အဖွဲ့သည်    ဂျီနီဗာမြို့၌ရှိစဉ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနှင့်    အာရှ-ပစိဖိတ် အမျိုးသား    လူ့အခွင့်အရေးအဖွဲ့ အစည်းများ ဖိုရမ်တို့မှ တာဝန်ရှိသူ များနှင့်တွေ့ဆုံ၍    လည်းကောင်း၊  ညှဉ်းပန်းနှိပ်စက်မှု တားဆီးကာကွယ် ရေးအဖွဲ့က  ကျင်းပသည့်   ညှဉ်းပန်း နှိပ်စက်မှုဆန့်ကျင်ရေး   လမ်းညွှန် ဥပဒေစာအုပ်   ထုတ်ဝေဖြန့်ချိပွဲသို့    တက်ရောက်၍ သက်ဆိုင်ရာတာဝန် ရှိသူများနှင့်တွေ့ဆုံ၍လည်းကောင်း  ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ကို  ဆွေးနွေးခဲ့သည်။

နိုင်ငံတကာညှိနှိုင်းရေးကော်မတီ ကို   ကုလသမဂ္ဂက   ကမကထပြု၍ နိုင်ငံအသီးသီးရှိ အမျိုးသားလူ့အခွင့် အရေးအဖွဲ့အစည်းများဖြင့်   ဖွဲ့စည်း တည်ထောင်ထားပြီး   လက်ရှိအချိန် တွင် နိုင်ငံအသီးသီး၌    ဖွဲ့စည်း တည်ထောင်ထားသည့်  အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းပေါင်း  ၁၁၁   ဖွဲ့ရှိသည့်အနက်  နိုင်ငံတကာ ညှိနှိုင်းရေးကော်မတီက ''အေ''အဆင့် အဖွဲ့အစည်းပေါင်း  ၇၂ ဖွဲ့၊ ''ဘီ'' အဆင့် အဖွဲ့အစည်းပေါင်း ၂၉ ဖွဲ့နှင့် ''စီ''အဆင့်အဖွဲ့အစည်းပေါင်း  ၁ဝ  ဖွဲ့ သတ်မှတ်၍  အသိအမှတ်ပြုထား သည်။    အမျိုးသားလူ့အခွင့်အရေး    အဖွဲ့အစည်းများ    ဖွဲ့စည်းတည် ထောင်ခြင်းဆိုင်ရာ  ပါရီအခြေခံမူ များနှင့်ကိုက်ညီမှု   ''စံ''သတ်မှတ်ရာ တွင်  အပြည့်အဝကိုက်ညီမှုရှိပါက  ''အေ'' အဖြစ်လည်းကောင်း၊ ကိုက်ညီ မှုရှိသော်လည်း အပြည့်အဝကိုက်ညီ စေရေး  ဆက်လက်ဆောင်ရွက်ရန် ရှိပါက  ''ဘီ'' အဖြစ်လည်းကောင်း၊    ကိုက်ညီမှုမရှိပါက ''စီ'' အဖြစ်လည်း ကောင်း    သတ်မှတ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ     အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို  နိုင်ငံ တကာညှိနှိုင်းရေးကော်မတီက  ''ဘီ''အဆင့်သတ်မှတ်၍  အသိအမှတ်ပြု ခဲ့ပြီး အဆင့်သတ်မှတ်ရေး ဆပ်ကော် မတီ၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အား ဥပဒေအရ ဖွဲ့စည်းတည်ထောင် ခြင်းကို ကြိုဆိုပါကြောင်း၊ ကော်မရှင် အနေဖြင့် မိမိ၏လုပ်ငန်းတာဝန်များ ကို ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများ ရှိသော်ငြားလည်း  လူ့အခွင့်အရေး မြှင့်တင်ရေးကို    စဉ်ဆက်မပြတ်  ကြိုးပမ်းဆောင်ရွက်နေမှုများအတွက်   မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို    ချီးကျူးပါကြောင်း၊ အထူးသဖြင့်     လူ့အခွင့်အရေးကို လက်တွေ့ကျင့်သုံးရန်အတွက် အဓိက ကျသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ပညာပေးရန် ညှိနှိုင်းစီစဉ်ဆောင်ရွက် မှုအတွက် ချီးကျူးပါကြောင်း စသည် ဖြင့် ဖော်ပြပါရှိသည်။

(၂၉)ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေညီလာခံတွင် အမျိုးသား လူ့အခွင့်အရေး    အဖွဲ့အစည်းများ ဆိုင်ရာ    နိုင်ငံတကာညှိနှိုင်းရေး ကော်မတီ (ICC) ကို အနှစ်သာရ ပိုမိုပြည့်စုံစေရန်အတွက် ''အမျိုးသား လူ့အခွင့်အရေး  အဖွဲ့အစည်းများ ဆိုင်ရာ  ကမ္ဘာ့အဖွဲ့ကြီး''  (Global
Alliance of National Human
Rights Institutions – GANHRI) အဖြစ်    အမည်ပြောင်းလဲသတ်မှတ် ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment