Tuesday, December 1, 2015

ကျိုက်ထီးရိုးတောင်တက်ကားအသင်း နှစ်ပတ်လည်နေ့တွင် ဘုရားဖူးများကို အခမဲ့ပို့ဆောင်ခြင်းဖြင့် ကျေးဇူးတုံ့ပြန်မည်




The Mirror Daily's photo.


ကျိုက်ထို နိုဝင်ဘာ ၃ဝ

(၁၄)ကြိမ်မြောက် ကျိုက်ထီးရိုး တောင်တက်ကားအသင်း နှစ်ပတ်လည်နေ့ကို ဒီဇင်ဘာ ၂ ရက်တွင် ကျင်းပ မည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးဝိတင်ထံမှ သိရသည်။

နှစ်စဉ် တောင်တက်ကားအသင်း နှစ်ပတ်လည်နေ့ တွင် ဆံတော်ရှင်သို့ ဘုရားဖူးလာပြည်သူများကို တောင်ပေါ်အရောက် မော်တော်ယာဉ်များဖြင့် အခမဲ့ပို့ဆောင်ပေးခြင်းကို တစ်နေကုန်ဆောင်ရွက်လှူဒါန်းကြခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းများကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ တောင်ခြေရှိ ဈေးသူ၊ ဈေးသားများကလည်း စုပေါင်း ပါဝင်ကျွေးမွေးသော စတုဒိသာအလှူများနှင့် ရေသန့်ဘူး၊ အချိုရည်ဘူး၊ ပြက္ခဒိန်များပါ ဝေငှလှူဒါန်းကြသော နိဗ္ဗာန် ဈေးပွဲများလည်း ပြုလုပ်ကြကြောင်း သိရသည်။

ထို့ပြင် နှစ်ပတ်လည်နေ့တွင် ယာဉ်မောင်း၊ ယာဉ် နောက်လိုက်များ၏ ရိုးသားကြိုးစားမှုများကို ဆုပေးပွဲ များပြုလုပ်ခြင်း၊ စံချိန်အကောင်းဆုံးဆု၊ စည်းကမ်းလိုက်နာမှု အကောင်းဆုံးဆုများကိုလည်း ပေးအပ်ချီးမြှင့်ကြသည်။ ဒီဇင်ဘာ ၂ ရက်တွင်လည်း နှစ်စဉ် မပျက်တောင်တက်မော်တော်ယာဉ်အသင်း၏ နှစ်ပတ် လည်နေ့ကို စည်ကားသိုက်မြိုက်စွာကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
(ခင်မောင်မြင့်)

No comments:

Post a Comment