Tuesday, December 1, 2015

ရုရှားဂျက်လေယာဉ်တိုက်ခိုက်မှု အနည်းဆုံးလူ ၃၀ ကျော် သေဆုံး



Myanmaalinn's photo.
 မော်စကို နိုဝင်ဘာ ၃ဝ

ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်း အာရီဟာမြို့၌ တနင်္ဂနွေနေ့က ရုရှားဂျက်လေယာဉ်များ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၃ဝ သေဆုံးခဲ့ရကြောင်း သူပုန်ထိန်းချုပ်ဒေသမှ ကယ်ဆယ်ရေးလုပ်သား များက ပြောသည်။
တူရကီနယ်စပ်အနီးတွင်လည်း သီးခြားလေကြောင်းတိုက်ခိုက်မှုကြောင့် ထော်လာဂျီ ၁ဝ စီးနှင့် လူငါးဦး ပျက်စီးသေဆုံးခဲ့ရကြောင်း သူပုန်အဖွဲ့ကပြောသည်။ တူရကီက ရုရှားစစ်လေယာဉ်ကို ပစ်ချပြီးကတည်းက ဆီးရီး ယား အနောက်မြောက်ပိုင်း သူပုန်ထိန်းချုပ်ဒေသအား ပြင်းပြင်းထန်ထန်တိုက်ခိုက်လာသည်ဆိုသည့်သတင်းကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ချက်ချင်းအတည်မပြုနိုင်သေးဟု ဆိုသည်။
အိုင်းဒလစ်ပြည်နယ် အာရီဟာမြို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒါဇင်ပေါင်းများစွာဒဏ်ရာရခဲ့ကြောင်း၊ ဈေးတစ်ဈေးလည်းထိမှန်ခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်သားများက ပြောသည်။ သေဆုံးသူ ၃၁ ဦးအား အတည် ပြုနိုင်သော်လည်း ၁၂ ဦးမှာ အတည်ပြုချက်ရရန် စောင့်ဆိုင်းလျက်ရှိသည်။

(ရိုက်တာ)

No comments:

Post a Comment