Wednesday, December 30, 2015

ညောင်ဦးတွင် ဗီယက်နမ်နိုင်ငံသားပျောက်ဆုံးခဲ့သော ခါးပတ်အိတ်တစ်လုံး ဒေသခံဓာတ်ပုံဆရာတစ်ဦး တွေ့ရှိသဖြင့် ပြန်လည်အပ်နှံ



The Mirror Daily's photo.


ညောင်ဦး ဒီဇင်ဘာ ၂၉

ပုဂံမြို့ရှိ ရွှေဆံတော်ဘုရားပေါ်တွင် ဗီယက်နမ် နိုင်ငံသားတစ်ဦးကျပျောက်ခဲ့သည့် ခရီးဆောင်ခါးပတ် အိတ်ကို ဒေသခံ ဓာတ်ပုံဆရာတစ်ဦးက တွေ့ရှိခဲ့သဖြင့် တာဝန်ရှိသူများမှတစ်ဆင့် ပိုင်ရှင်ထံ ပြန်လည်အပ်နှံ ပေးခဲ့ကြောင်း သိရသည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ ဝင်များသည် ဗီယက်နမ်နိုင်ငံသား Mr. Takimhal ပျောက်ဆုံးသွားသော ခရီးဆောင်ခါးပတ်အိတ်ကို လိုက်လံစုံစမ်းရှာဖွေပေးနေစဉ် မြင်းကပါကျေးရွာမှ ဓာတ်ပုံဆရာ ဦးသိန်းဇော်က ရွှေဆံတော်ဘုရားပေါ်သို့ ဓာတ်ပုံရိုက်ကူးရန်အတွက် တက်ရောက်ရာ ဘုရားရင်ပြင် ငါးဆင့်ရှိသည့်အနက် သုံးဆင့် မြောက်ရင်ပြင် ပေါ်မှ ခါးပတ်အိတ်တစ်လုံးတွေ့ရှိခဲ့သဖြင့် လာရောက် အပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရဲသူရအောင် (ညောင်ဦး)

No comments:

Post a Comment