Wednesday, December 30, 2015

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးလုပ်ငန်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ




The Mirror Daily's photo.


မူဆယ် ဒီဇင်ဘာ ၂၈

မူဆယ်မြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ရဲမှူးစိုးသန်းနှင့် အဖွဲ့ဝင်များ၊ အမှတ်(၁၂၂) ယာဉ်ထိန်းတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင် များ၊ ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ မြို့နယ်စည်ပင်၊ လုပ်ငန်းလိုင်စင်နှင့် ပို့ဆောင် ဆက်သွယ်ရေးဦးစီးဌာန၊ မော်တော် ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ စသည့် ပူးပေါင်းအဖွဲ့သည် မူဆယ်-နမ့်ခမ်း ပြည်ထောင်စုလမ်းမကြီးရှိ ပန်ခမ်းတံတား အနီးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ ပညာပေးလုပ်ငန်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့သည်။

ယာဉ်ကြီး၊ ယာဉ်ငယ်တို့အား ယာဉ် လိုင်စင်၊ ယာဉ်မောင်းလိုင်စင် စစ်ဆေးခြင်း၊ လိုင်စင်မဲ့ယာဉ်၊ ဆိုင်ကယ်များအား အသုံးပြု လက်ဝယ်ထားရှိပါက ဥပဒေနှင့်အညီ အရေး ယူ ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် လက်ရှိ ပြဋ္ဌာန်းထားသော မော်တော်ယာဉ်ဥပဒေအား ရှင်းပြခဲ့သည်။

မြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက လိုင်စင်မဲ့ ယာဉ်များအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ် (၁၂၂) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုရဲမှူးကျော်ကျော် ထွန်းက ပြောကြားခဲ့သည်။
ဆရာမောင်(မူဆယ်)

No comments:

Post a Comment