Wednesday, December 30, 2015

အလုပ်သမားရှားပါးမှုကြောင့် ရိတ်သိမ်းခြွေလှေ့စက်အသုံးပြုသူများလာ




The Mirror Daily's photo.


မြန်အောင် ဒီဇင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်တွင် တောင်သူများအနေဖြင့် ယခုနှစ် မိုးစပါးများ ရိတ်သိမ်းခြွေလှေ့မှုပြုလုပ်ရာတွင် မိရိုးဖလာရိတ်သိမ်ြးေ>ွခလှေ့ခြင်းများကို ပြုလုပ်မှုနည်းပါးလာပြီး ရိတ်သိမ်းခြွေလှေ့စက်များ အသုံးပြုမှုများလာသည်ဟု ရိတ်သိမ်းခြွေလှေ့စက်ပိုင်ရှင်တစ်ဦးက ပြောသည်။

လယ်ပိုင်ရှင်တစ်ဦးက ''စပါးကနောက်ကျမှရိတ်ရရင် အလေအလွင့်များတယ်။ စပါးပင်ကိုရိတ်ရတယ်။ ကောက်လှိုင်းသယ်ရတယ်။ နောက်ပြီးဟိုတုန်းကဆို နွားနဲ့စပါးကိုနယ်ပြီး လေကြောင်းကောင်းတဲ့နေရာမှာ စပါးလှေ့ရတယ်။ ဒါတွေကမိရိုးဖလာလုပ်လာတာ။ လုပ်သား လည်းလိုသလို လက်စားလည်းလိုက်ကြတယ်။ ခုတော့စပါးကို ရိတ်ပြီး ကောက်လှိုင်းသယ်၊ လက်တွန်းထွန်စက်နဲ့နယ်၊ ပြီးရင် စက်နဲ့လှေ့လိုက်ကြတာတွေလည်းရှိတယ်။ ခုတော့ ရိတ်သိမ်း ခြွေလှေ့စက်နဲ့ဆိုတော့ အဆင်ပြေသွားတာပါ'' ဟု ပြောသည်။

''အလုပ်သမားက ရှားလာတယ်။ ကောက်စိုက်တာတောင်ခုဆို ကြဲခင်းစနစ်ကို သွားနေရ တယ်။ လေ့လာနေရတယ်။ လယ်ထွန်ပြီးစပါးစိုက်ဖို့ ကောက်စိုက်သမရှားလာတော့ လာမယ့် နှစ်တော့ ကြဲခင်းပဲလုပ်တော့မယ်လို့စိတ်ကူးထားတယ်''ဟု မကျီးကွင်းကျေးရွာမှ လယ်သမား တစ်ဦးက ပြောသည်။

ဆန်နီချောင်ကျေးရွာတွင် ယခုဆိုလျှင် ရိတ်သိမ်းခြွေလှ့စက်ရှိလာသဖြင့် ကောက်ရိတ် သိမ်းခြွေလှေ့ရသည့်အချိန် သက်သာသွားကြောင်း၊ ကောက်လှိုင်းသယ်ရခြင်း၊ လှေ့ရခြင်း များမရှိတော့ဘဲ ကောက်ပင်များကို တစ်ခါတည်းရိတ်သိမ်းခြွေလှေ့ပြီး အိတ်အတွင်းထည့်ကာ စပါးကုန်သည်ကို တစ်ခါတည်းရောင်းချနိုင်သဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

''ကောက်ရိတ်ခက လယ်တစ်ရာစီးက ကျပ်ရှစ်သောင်းလောက်ဖြစ်နေတယ်။ ကောက်ရိတ်ပြီး ကောက်လှိုင်းသယ်ခရယ်၊ ခြွေလှေ့ခရယ်နဲ့၊ ခုရိတ်သိမ်းခြွေလှေ့စက်က လယ်တစ်ရာစီး (လယ်နှစ်ဧက)ကို စပါးပင်လဲနေရင် ငွေကျပ် တစ်သိန်းတစ်သောင်းယူတယ်။ စပါးပင်ကမလဲဘဲ ပင်ထောင်နေရင် ကျပ်တစ်သိန်းပဲယူတယ်။ တစ်ခါတည်း စပါးအိတ်ထဲကို ရောက်သွားတော့ အလုပ်သမားပြဿနာမရှိတော့ဘူး''ဟု သပြေကုန်းကျေးရွာမှ လယ်သမားတစ်ဦးက ဆိုသည်။

လယ်သမားများအနေဖြင့် ရိတ်သိမ်းခြွေလှေ့စက်ကိုအသုံးပြုခြင်းဖြင့် စပါးအလေအလွင့် နည်းပါးပြီး လုပ်ငန်းများလည်း လျင်မြန်စွာပြီးစီးကြောင်း၊ သို့သော်လည်း စက်အင်အားနည်းနေ သေးသဖြင့် စက်အင်အားများများရှိပါက တောင်သူလယ်သမားများအတွက် ပိုမိုအဆင် ပြေမည်ဖြစ်ကြောင်း သိရသည်။
နေဝင်းဇော်(မြန်အောင်)

No comments:

Post a Comment