Wednesday, December 30, 2015

အင်းလေးကန်စိမ်းလန်းစိုပြည်ရေး ဦးစားပေးဆောင်ရွက်




The Mirror Daily's photo.


ညောင်ရွှေ ဒီဇင်ဘာ ၂၉

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်း ဦးစီးဌာနအနေဖြင့် အင်းလေးကန် စိမ်းလန်းစိုပြည်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် တောင်ကြီးခရိုင် ညောင်ရွှေမြို့ (အင်းလေး) လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းဌေးနှင့်အဖွဲ့တို့ က အင်းလေးကန် ရေတိမ်ဒေသ ထိန်းသိမ်းကာကွယ်ရေး၊ ရေပြင်အနက် အနည်းဆုံးခုနစ်ပေရှိရေး၊ နမ့်ကတ်ချောင်း ရေလမ်းကြောင်းတွင် သဲနုန်းများ ပို့ချမှုကြောင့် တိမ်ကောလာသဖြင့် ရေလမ်းခရီး အခက်အခဲမဖြစ်စေရေး၊ စက်လှေများ ရာသီမရွေးသွားလာနိုင်ရေးတို့ကို ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

အင်းလေးကန်တွင် လိုင်စင်ရ စက်လှေ ၇ဝဝဝ နှင့် ပြင်ပစက်လှေ ၃ဝဝဝ တို့ ပြေးဆွဲလျက်ရှိရာ ကမ္ဘာ လှည့်ခရီးသွား ၂ဝဝ ခန့် နေ့စဉ် လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။

(ရွှေလင်းပြည့်စုံ)

No comments:

Post a Comment