Sunday, November 1, 2015

ငွေဆောင်ကမ်းခြေ မြန်မာ့မြေပေါ်တွင် မျှတသန့်ရှင်းစွာယှဉ်ပြိုင်ခဲ့သော Myanmar Wave Rider Cup and KTA Race Open 2015 ရွက်လှေအားကစားကလပ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြီးစီး




The Mirror Daily's photo.


ငွေဆောင် အောက်တိုဘာ ၃၁

နိုင်ငံတကာနှင့် ပြည်တွင်းရွက်လှေအားကစားသမားများပါဝင်သည့် Myanmar Wave Rider Cup and KTA Race Open 2015 ရွက်လှေအားကစားပြိုင်ပွဲ၏ နောက် ဆုံးနေ့အဖြစ် ကလပ်ပြိုင်ပွဲများကို အောက်တိုဘာ ၃၁ ရက်တွင် ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ အောင်မြင်စွာ ပြီးဆုံးခဲ့ပြီဖြစ်သည်။

ယခင်နေ့များက ပြိုင်ပွဲကျင်းပရန် သင့်တင့်သည့် လေတိုက်နှုန်းမရရှိမှုကြောင့် ပြိုင်ပွဲမကျင်းပနိုင်ခဲ့သော Kiteboarding ကလပ်ပြိုင်ပွဲများကို ယနေ့တွင်မူ ကောင်းမွန်သည့် လေတိုက်နှုန်းရရှိသဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ Kiteboarding အားကစားနည်းသည် မြန်မာ့မြေ၊ မြန်မာ့ပင်လယ်ပြင်တွင် ပထဆုံး အကြိမ်အဖြစ် ကျင်းပနိုင်ခဲ့သော အားကစားနည်းဖြစ်သည်။

Kiteboarding ပြိုင်ပွဲတွင် TT Men Class Winners နှင့် Women Class Winners Formula Men Class Winners နှင့် Formula Women Class Winners ဟူ၍ အားကစားနည်းနှစ်မျိုး ထည့်သွင်းထားသည်။ TT Men Class Winners နှင့် Formula Men Class Winners ပြိုင်ပွဲနှစ်မျိုးလုံးတွင် ထိုင်းနိုင်ငံသား Narapichit Pudla က ပထမရရှိခဲ့ပြီး Formula Women Class Winners နှင့် Formula Women Class Winners ပြိုင်ပွဲများတွင်လည်း ဂျာမနီနိုင်ငံသူ Kathrin Borgwardt တစ်ဦးတည်းကပင် ပထမဆုများ ရရှိခဲ့သည်။

Stand Up Paddle (SUP)ကစားနည်းတွင် ပြိုင်ပွဲလေးမျိုး ထည့်သွင်းကစားခဲ့ပြီး SUP Women Class Winners ပြိုင်ပွဲတွင် မြန်မာနိုင်ငံသူ စန္ဒာသက်နှင်း၊ SUP Open Class Winners ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား သက်ကိုကို၊ SUP Youth Boys Class Winners ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား ဘိုဘိုလွင်၊ SUP Youth Girls Class Winners ပြိုင်ပွဲတွင် မြန်မာနိုင်ငံသူ မေသဇင်ကျော်တို့က ပထမဆုများရရှိခဲ့သည်။

Windsurfing Class ပြိုင်ပွဲတွင် အားကစားနည်း နှစ်မျိုးပါဝင်ပြီး R300 Open Class Winners ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား ခွန်အောင်သိန်းဦးနှင့် R300 Youth Girls Class Winners ပြိုင်ပွဲတွင် မြန်မာနိုင်ငံသူ ရွှေယမင်းတို့က ပထမဆုများရရှိခဲ့ကြသည်။

ညပိုင်းတွင် ငွေဆောင်ကမ်းခြေရှိ Ngwe Saung Yacht Club and Resort တွင် မြန်မာနိုင်ငံရွက်လှေ အဖွဲ့ချုပ် အထွေထွေမန်နေဂျာ ဦးဖုန်းကျော်မိုးမြင့်က ဂုဏ်ပြုအမှာ စကားပြောကြားခဲ့ပြီး ဆုရရှိသူများအား မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ Kiteboard Tour Asia (KTA) မှတာဝန်ရှိသူများနှင့် ပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးပေးကြသည့် ကုမ္ပဏီအသီးသီးမှ တာဝန်ရှိသူများက ဆုရရှိသူ အားကစားသမား များအား ဆုများအသီးသီးပေးအပ် ခဲ့ကြသည်။ Myanmar Wave Rider Cup and KTA Race Open 2015 ပိတ်ပွဲနှင့် ဂုဏ်ပြုဧည့်ခံပွဲသို့ တက်ရောက်လာကြသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အားကစားသမားများအား ညစာဖြင့်တည်ခင်းဧည့်ခံခဲ့ပြီး ငွေဆောင်ရွက်လှေ ကလပ်တွင် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးခဲ့သည်။

Myanmar Wave Rider Cup and KTA Race Open 2015 ရွက်လှေ ကလပ်ပြိုင်ပွဲတွင် Windsurfing ၊ Kiteboarding နှင့် Stand Up Paddle (SUP) ရွက်လှေ ကစားနည်းသုံးမျိုးပါဝင်ပြီး ပြိုင်ပွဲ အမျိုးအစားအလိုက် ပထဆု၊ ဒုတိယဆုနှင့် တတိယဆုများ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

Myanmar Wave Rider Cup and KTA Race Open 2015 သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပသည့် နိုင်ငံတကာ ကလပ် ပြိုင်ပွဲတစ်ခုဖြစ်ပြီး ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ အင်္ဂလန်၊ အမေရိကန်၊ စင်ကာပူ၊ တရုတ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့မှ ရွက်လှေအားကစားသမားများ ပါဝင်ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment