Sunday, November 29, 2015

တတိယအကြိမ်မြောက် နိုင်ငံတကာဖိတ်ခေါ် အပျော်တမ်းမီနီမာရသွန်နှင့် မာရသွန်ပြိုင်ပွဲ ပုဂံရှေးဟောင်းနယ်မြေတွင် ကျင်းပ





ညောင်ဦး နိုဝင်ဘာ ၂၈

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် နိုဝင်ဘာ ၂၈ ရက် နံနက်က ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ဒိန်းမတ် နိုင်ငံအခြေစိုက် Albatros ကုမ္ပဏီနှင့် Myanmar Voyages International Tourism ကုမ္ပဏီတို့ပူးပေါင်းစီစဉ်သည့် နိုင်ငံတကာဖိတ်ခေါ် အပျော်တမ်း ၁ဝ ကီလိုမီတာ မီနီမာရသွန်နှင့် မာရသွန်ပြိုင်ပွဲ (Bagan Temple Marathon) ကို ထီးလိုမင်းလိုဘုရားအရှေ့ဘက်မုခ်ကွင်းပြင်၌ ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က စတင်တာလွှတ်၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြိုင်ပွဲကိုကျင်းပရာ မာရသွန်ပြိုင်ပွဲ အမျိုးသားတွင် Lesueur Charles Leon Romain (France) က ပထမ၊ Stefan Dalleaste (Italy) က ဒုတိယ Kelvin Adams (Australia) က တတိယ၊ မာရသွန်ပြိုင်ပွဲ အမျိုးသမီးတွင် Sarah Rachel Easton (UK) က ပထမ၊ Frauke John (USA) က ဒုတိယ၊ Elizabeth Anne Hall (USA) က တတိယတို့ရရှိခဲ့ကြပြီး မီနီမာရသွန်ပြိုင်ပွဲ အမျိုးသားတွင် Alexander Basits (USA) က ပထမ၊ Jonas Mc Donald jonsson (USA) က ဒုတိယ၊ Dario La Micela (Italy) က တတိယ၊ မီနီမာရသွန်ပြိုင်ပွဲအမျိုးသမီးတွင် Jocelyn Bradley (Australia)က ပထမ၊ Valerie Ann lohse (USA) က ဒုတိယ၊ Anabda (USA) က တတိယတို့ အသီးသီးရရှိခဲ့ကြကြောင်း သိရသည်။ ၁ဝကီလိုမီတာအပြေးပြိုင်ပွဲတွင် အမျိုးသား ပထမဆုကို နယ်သာလန်နိုင်ငံ၊ အမျိုးသမီးပထမဆုကို မိုနာကိုနိုင်ငံတို့ကရရှိ ခဲ့ကြောင်း၊ အဆိုပါ ၁ဝ ကီလိုမီတာအပြေးပြိုင်ပွဲ၌ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ မြေးတော် Ms.HRH Bajrakitiyabha Mahidol ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အဆင့်(၅)နေရာမှ ပန်းဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ၂ဝ၁၃ခုနှစ်မှစတင်၍ ပုဂံဒေသတွင် ကျင်းပခဲ့ရာ ယခု ဆိုလျှင် တတိယအကြိမ်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ပြိုင်ပွဲသို့ ဒိန်းမတ်၊ အမေရိကန်နှင့် မြန်မာအပါအဝင်နိုင်ငံပေါင်း ၂၉ နိုင်ငံမှ အားကစားသမား ၂၄၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။ ရဲသူရအောင် (ညောင်ဦး)

No comments:

Post a Comment