Sunday, November 29, 2015

တန်ဖိုးနည်းမြေကွက်အ၀ယ်မမှားစေဖို့




မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

မြို့ပြလူဦးရေထူထပ်လာသည်နှင့်အမျှ ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများတွင် မြို့ပြဆင်ခြေဖုံးကျေးရွာ များနှင့် မြေလွတ်မြေရိုင်းများအတွင်း တရားဝင်မဟုတ်သောဝင်ရောက်ကျူးကျော်နေထိုင်သူများ ပိုမိုများပြားလာလျက်ရှိ ပါသည်။ ဤသို့ တရားမဝင်မြို့ပြချဲ့ထွင်နေထိုင်မှုနှင့်အတူ တရားမဝင်မြေရောင်း မြေဝယ်များလည်း ပေါ်ပေါက်လျက်ရှိပါ သည်။ တရားမဝင်ရောင်းဝယ်မှုများသည် မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်နိုင်သည့်အပြင် ဆုံးရှုံးမှုများလည်း ဖြစ်ပေါ်နိုင်ပါသည်။

ယခုအခါနိုင်ငံတော်အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့ကို အလေးထား သောအားဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး အထူး လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းကာ မြေငှားဂရန်များ ထုတ်ပေးလျက်ရှိ ပါသည်။ ယခုအခါ မြို့နယ်ပေါင်း ၃၃ဝ ရှိသည့်အနက် မြို့နယ် ၂၈၃ မြို့နယ်ရှိ ကျေးရွာ ၂၈၃ ရွာတွင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလကုန်အထိ စုစုပေါင်းမြေငှားဂရန် ၃၂ဝ၅၇ ကို ထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါသည်။ ဆက်လက်၍လည်း ကျေးလက်မြေငှားဂရန်များ ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ဤသည်ကိုအခွင့်ကောင်းယူ၍ မြို့ပြနှင့်နီးသောဆင် ခြေဖုံးကျေးရွာများ၊ မြို့ပြစီမံကိန်းနယ်မြေများနှင့် မြေလွတ် မြေလတ်ပိုလျှံမြေများအတွင်း နေထိုင်သူများအကြား တရား မဝင် တန်ဖိုးနည်းမြေကွက်ရောင်းဝယ်မှုများ ပေါ်ပေါက်နေ ကြောင်း ကြားသိနေရပါသည်။ မြေခွန်ပြေစာအတုများနှင့် ပိုင်ဆိုင်မှုအထောက်အထားပြပြီး တရားမဝင်ရောင်းဝယ်မှုများ ပေါ်ပေါက်နေကြောင်း ကြားသိနေရပါသည်။
ယခုအခါရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ က ရန်ကုန်မြို့ကြီးကို မြို့ပြလူဦးရေထူထပ်လာသည်နှင့်အမျှ မြို့သစ်များချဲ့ထွင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ဤသည်ကို အခွင့်ကောင်းယူလျက် တရားမဝင် မြေရောင်းမြေဝယ်မှုများလည်း ပေါ်ပေါက်လျက်ရှိပါသည်။ ဂရန်ဟူသည်မှာ မြို့ပြဂရန်၊ ကျေး လက်ဂရန်၊ စိုက်ပျိုးရေးလုပ်ကိုင်ရန်မြေ၊ စီးပွားရေးလုပ်ငန်းတစ်ခုခုလုပ်ကိုင်ရန်မြေစသည်ဖြင့် ကွဲပြားလျက်ရှိပါသည်။ စိုက်ပျိုးလယ်ယာမြေများအား လူနေထိုင်ခွင့်မြို့ပြအဖြစ် အသုံး ပြုခွင့်ရှိမည် မဟုတ်ပေ။ ဥပဒေအရ တားမြစ်ထားပါသည်။
သို့ဖြစ်၍ တန်ဖိုးနည်းမြေကွက်ဝယ်ယူရန်ကြိုးစားနေကြ သူများအနေဖြင့် ရောင်းမှားဝယ်မှားမဖြစ်ရလေအောင် သတိပြု သင့်ပါသည်။ အကယ်၍ ဝယ်ယူမည်ဆိုလျှင် ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီနှင့် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနစသော တရားဝင်ဌာနများနှင့်စုံစမ်း၍ ခိုင်မာသောအထောက် အထားရှိမှသာ ဆက်လက်ဆောင်ရွက်သင့်ပါသည်။ သို့မဟုတ် ချေက ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရဖွယ်ရှိပါသည်။ မလိုလားအပ် သောပြဿနာများ မပေါ်ပေါက်စေရန် သတိပြုဆောင်ရွက်သင့် ပါကြောင်း။ ။

No comments:

Post a Comment