Sunday, November 29, 2015

ကွန်ကရစ်လမ်းပေါက်ကြီး ပြုပြင်ပေးစေလို

 
 
 
 
 
ထင်သာမြင်သာ ပြု ပြင်စရာ

ကချင်ပြည်နယ် တနိုင်းမြို့နယ် နောင်းလွန်ကောင်ရာ ကျေးရွာလမ်းဆုံ ရေနုတ်မြောင်းပေါ်၌ ကွန်ကရစ်ဖုံးအုပ်ထားသည်။ ထိုကွန်ကရစ်တွင် တန်ချိန် ပိုကုန်တင်ယာဉ်ကြီးများ သွားလာမှုကြောင့် အပေါက်ကြီးဖြစ်ပေါ်နေသည်။ အများပြည်သူမြင်နိုင်စေရန် အပေါက်ကြီးကို သစ်သားချောင်းစိုက်ထူ၍ ပြသထားပြီး အဆိုပါလမ်းမှာ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့ သည်ဟု မှတ်တိုင်တွင် တွေ့ရှိရသည်။
အဆိုပါ ကွန်ကရစ်ပေါက်လမ်းကြီးရှိခြင်းကြောင့် စက်ဘီး၊ ဆိုင်ကယ်၊ သုံးဘီး၊ ဆိုင်ကယ်၊ ယာဉ်ကြီးယာဉ်ငယ်များ၊ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများ ဖြတ်သန်းသွားလာရာတွင် ထိခိုက်မှုအန္တရာယ်စိုးရိမ်နေကြရသဖြင့် သက်ဆိုင်ရာမှ ပြုပြင်ပေးစေလိုကြောင်း ဒေသခံပြည်သူများက မျှော်လင့်လျက်ရှိသည်။ ဆီမီးခုံ-နန်းရီ

No comments:

Post a Comment