Sunday, November 29, 2015

မာလီဟိုတယ်တိုက်ခိုက်မှုတွင် သံသယရှိသူနှစ်ဦးကို မာလီစုံစမ်းစစ်ဆေးရေး အေဂျင်စီက ဖော်ထုတ်နိုင်




ဘာမာကို နိုဝင်ဘာ ၂၈ 

မာလီမြို့တော် ဘာမာကို၌ ဟိုတယ်တစ်လုံးကို တိုက်ခိုက်ခဲ့သော သံသယရှိသူနှစ်ဦးကို ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း မာလီစုံစမ်းစစ်ဆေးရေး အေဂျင်စီက ပြောသည်။
သံသယရှိသူနှစ်ဦးမှာ ဆိုင်ဒိုဒီးကီလီနှင့် အဒမ်မိုင်ဂါတို့ဖြစ်ပြီး ၄င်း တို့ကို နိုဝင်ဘာ ၂၇ ရက်က ဘာမာကိုဆင်ခြေဖုံးတစ်နေရာတွင် ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း မာလီစုံစမ်းစစ်ဆေးရေးအေဂျင်စီ၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြသည်။

သို့သော်လည်း ဖြစ်ရပ်အသေးစိတ်ကိုမူ ဖော်ပြခြင်းမပြုသေးပေ။ သံသယရှိသူနှစ်ဦးကို စစ်မေးသောမေးခွန်းများက လူ ၂၂ ဦး သေဆုံးခဲ့သော မာလီဟိုတယ်တိုက်ခိုက်မှုကို ဘာကြောင့်ပြုလုပ်သလဲ ဆိုသည့် အဖြေကို ပေါ်ထွက်လာစေမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ကြေညာချက်တွင် ဖော်ပြ သည်။
လွန်ခဲ့သော သောကြာနေ့က သေနတ်သမားများက ဘာမာကိုရှိ ရာဒစ်ဆန်ဟိုတယ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ ဟိုတယ်တိုက်ခိုက်ခံရခြင်းသည် အယ်လ်မူရာဘီတွန်အကြမ်း ဖက်အုပ်စုလက်ချက်ကြောင့်ဟု ဆိုသော်လည်း အာဏာပိုင်များက မည်သည့်ထုတ်ပြန်ပြောကြားချက်မှ မပြုလုပ်သေးပေ။ (ဆင်ဟွာ)

No comments:

Post a Comment