Sunday, November 1, 2015

နည်းပြ ဂျာဂန်ကလော့လက်ထက် လီဗာပူးအသင်း ပထမဆုံး ပရီမီယာလိဂ်နိုင်ပွဲရရှိ




ငွေ ကြယ်
ပရီမီယာလိဂ်ပွဲစဉ်(၁၁)၏ စနေနေ့ညအစောပိုင်းပွဲစဉ်တစ်ပွဲ ဖြစ်သည့် ချယ်လ်ဆီးအသင်းနှင့် လီဗာပူးအသင်းတို့၏ ပွဲစဉ်တွင် လီဗာပူးအသင်းက ချယ်လ်ဆီးအသင်း၏ အိမ်ကွင်းစတမ်းဖို့ဘရစ်ခ်ျ တွင် သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။
လီဗာပူးအသင်းသည် ယခုပွဲစဉ်အနိုင်ရရှိလိုက်ခြင်းကြောင့် နည်းပြဂျာဂန်ကလော့လက်ထက် ပထမဆုံးပရီမီယာလိဂ်နိုင်ပွဲရရှိ ခဲ့ခြင်းလည်းဖြစ်သည်။ ချယ်လ်ဆီးအသင်းနှင့် လီဗာပူးအသင်းတို့၏ ပွဲစဉ်တွင် ချယ်လ်ဆီးအသင်း နည်းပြမော်ရင်ဟိုအတွက် အသင်း နည်းပြအဖြစ်မှ ထုတ်ပယ်မခံရရေးအတွက် အရေးပါသည့်ပွဲစဉ် တစ်ပွဲဖြစ်ခဲ့သည့်အပြင် နည်းပြဂျာဂန်ကလော့အတွက်လည်း လီဗာပူးအသင်းကို ကိုင်တွယ်ခွင့်ရရှိလာချိန်တွင် ပထမဆုံးအနေဖြင့် ပရီမီယာလိဂ်နိုင်ပွဲရရှိရန် ပစ်မှတ်ထားနေသည့်ပွဲစဉ်လည်းဖြစ် သည်။ မော်ရင်ဟိုသည် ယခုပွဲအနိုင်မရရှိခဲ့ခြင်းကြောင့် ချယ်လ်ဆီး အသင်းက ထုတ်ပယ်မည်ဆိုပါက ¤င်းအနေဖြင့် အသင်းဟောင်း ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ကိုင်တွယ်မည်ဆို သည့်သတင်းများလည်း ထွက်ပေါ်ထားခဲ့သူဖြစ်သည်။
အဆိုပါပွဲစဉ်တွင် ချယ်လ်ဆီးအသင်းသည် ဒီယေဂိုကော်စတာ၊ ဝီလီယံ၊ ဟာဇက်၊ အော်စကာ၊ ရာမီရက်စ်၊ အက်ပီလီကူတာ၊ တယ်ရီ၊ ကာဟေးလ်၊ ဇူးမား စသည့်ကစားသမားများကို ၄-၂-၃-၁ ကစားကွက်ဖြင့် 
ပွဲထွက်လာခဲ့သည့်အပြင် လီဗာပူးအသင်းကလည်း ဖာမီနို၊ အမီရာကန်၊ လူးကတ်၊ လယ်လာနာ၊ ကော်တင်ဟို၊ မီနာ၊ စကာတယ်၊ အယ်လ်ဘာတို၊ ဆာခို၊ ကလိုင်း တို့ကို ၄-၂-၃-၁ ကစားကွက်ဖြင့်ပင်ပွဲထွက်လာခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ကွင်းလယ်ကစားသမား ရာမီရက်စ်၏ သွင်းဂိုး ဖြင့် ပထမပိုင်းပွဲကစားချိန်လေးမိနစ်တွင် အိမ်ကွင်း၌ ဦးဆောင်ဂိုးစတင်ရရှိခဲ့ သော်လည်း ပထမပိုင်းပွဲပြီးခါနီးတွင် လီဗာပူးအသင်းကွင်းလယ်ကစားသမား ကော်တင်ဟို၏ ချေပဂိုးသွင်းယူခြင်းကို ခွင့်ပြုပေးလိုက်ရပြီး ပထမပိုင်းပြီးချိန် တွင် တစ်ဖက်တစ်ဂိုးစီသရေရလဒ်ထွက် ပေါ်ထားခဲ့သည်။
သို့ရာတွင် လီဗာပူးအသင်းသည် အဝေးကွင်းတွင် နိုင်ပွဲရရှိရေးအတွက် ပွဲကစားချိန် ၆၄ မိနစ်တွင် ဂျိမ်းစ်မီနာ နေရာတွင် ဘန်တီကီကို လူစားလဲကစား စေခဲ့ပြီးသည့်နောက် လီဗာပူးအသင်း၏ ကစားဟန်သည် ပိုမိုကောင်းမွန်လာကာ ပွဲကစားချိန် ၇၄ မိနစ်တွင် ဘန်တီကီ၏ ဖန်တီးပေးမှုနှင့်အတူ ကော်တင်ဟိုက လီဗာပူးအသင်းအတွက် ဒုတိယမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့သည်။
ချယ်လ်ဆီးအသင်းမှာမူ ပွဲစဉ်(၁၁)မကစားမီ ရပ်တည်နေသည့်အဆင့် (၁၅)မှ နောက်တစ်ဆင့်တက်လှမ်းနိုင်ရေးအတွက် ချေပဂိုးရရှိရန်ရုန်းကန်ခဲ့ သော်လည်း ပွဲကစားချိန် ၈၃ မိနစ်တွင် ဘန်တီကီ၏ သွင်းဂိုးထပ်မံခွင့်ပြုပေး လိုက်ရသည်။ ပွဲကစားချိန် မိနစ် ၉ဝ ပြည့်ခဲ့သော်လည်း နှစ်သင်းစလုံး ဂိုးထပ်မံ မသွင်းယူနိုင်ခြင်းကြောင့် လီဗာပူးအသင်းက ချယ်လ်ဆီးအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

No comments:

Post a Comment