Friday, October 30, 2015

ပရီမီယာလိဂ်ဖလား အာဆင်နယ်ပြန်လည်ဆွတ်ခူးနိုင်မယ်လို့ အွန်နရီယုံကြည်ထား




အာဆင်နယ်ကစားသမားဟောင်း သီယာရီအွန်နရီက ယခုနှစ်ဘောလုံးရာသီတွင် အာဆင်နယ်အနေဖြင့် ပရီမီယာလိဂ် ဖလားပြန်လည်ဆွတ်ခူးနိုင်မည်ဟု ယုံကြည်ထားကြောင်း ဟောကိန်းထုတ်ပြောကြားလိုက်သည်။ အာဆင်နယ်သည် ၂ဝဝ၃- ၂ဝဝ၄ ဘောလုံးရာသီက ပရီမီယာလိဂ် ဖလားဆွတ်ခူးနိုင်ခဲ့ပြီး နောက် ချန်ပီယံမဖြစ်တော့သည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာ မြင့်ခဲ့ပြီဖြစ်သည်။
ယမန်နှစ်တွင် အွန်နရီက ဂီရော့ဒ်ကိုသာ အာဆင်နယ်၏ အဓိကတိုက်စစ်မှူးအနေဖြင့် ဆက်လက်အသုံးပြုနေလျှင် အာဆင်နယ်အနေဖြင့် ပရီမီယာလိဂ် ချန်ပီယံ ဘယ်သောအခါမျှ ပြန်လည်ဖြစ်တော့မည်မဟုတ်ဟု ဝေဖန်ခဲ့ရာ ဂီရော့ဒ် အပါအဝင် အာဆင်နယ် ကစားသမားများ၏ အမျက်ရှခြင်းကို ခံခဲ့ရသည်။ အာဆင်နယ်သည် ယခုနှစ်တွင် မည်သည့် တိုက်စစ်မှူးတစ်ဦးကို မျှထပ်မံခေါ်ယူနိုင်ခြင်း မရှိခဲ့သော်လည်း ပရီမီယာလိဂ်တွင်ရလဒ် များ ကောင်းမွန်နေကာ မန်စီးတီးနှင့်ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အမှတ်ပေးဇယား အဆင့်(၂)နေရာတွင်ရပ်တည်နေသည်။
''ဒီနှစ်တော့ ကျွန်တော့်စိတ်ထင် အာဆင်နယ်ရဲ့နှစ်ဖြစ်လာ လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ အခုဆိုအာဆင်နယ်က အသင်းကြီးတွေနဲ့ ဆက်တိုက်ကစားနေရတာတောင် ရလဒ် ကောင်းရအောင် ထိန်းထားနိုင်တယ်။ ဒါကအရေးကြီးပါတယ်။ ဒါကအဓိကသော့ချက်ပါ''ဟုဆိုခဲ့သည်။
အာဆင်နယ်သည် အိုလံပီယာ ကော့စ်အား ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ် နောက်ပိုင်းလေးပွဲဆက်တိုက်အနိုင်ရရှိကာ ရလဒ်များပြန်လည်ကောင်းမွန်လာသော်လည်း အဓိကကစား သမားအတော်များများကို အနားပေးကာ ယှဉ်ပြိုင်ခဲ့သော ကပ်ပီ တယ်ဝမ်းဖလားပြိုင်ပွဲမူ ရှက်ဖီးအား သုံးဂိုး-ဂိုးမရှိဖြင့် အံ့ဖွယ် အရေးနိမ့်ခဲ့သည်။
မေလဲ့သင်း

No comments:

Post a Comment